By Lily, Shweproperty.com
Updated at 14 January 2025
သင်သိပါသလား ဒီပန်းပင်တွေ သင့်အိမ်ထဲမှာ စိုက်ထားတာက လာဘ်ပိတ်စေတယ် ဆိုတာ အိမ်ရှင်မတွေအတွက်တော့ အိမ်တွင်း Decoration အနေနဲ့ ပန်းပင်လေး အလှဆင်ရတာ ပျော်စရာပါ။ ဒါပေမယ့် ဖုန်းရွှေနည်းမှာတော့ အိမ်တွင်းအလှဆင်ဖို့ မသင့်တဲ့၊ လာဘ်တိတ်စေတဲ့ ပန်းတွေ ရှိနေတာကိုလည်း သတိချပ်သင့်ပါတယ်။ ပန်းတွေဟာ စွမ်းအင်အမျိုးမျိူးရှိကြပြီး ကြည့်ရှုသူကိုရော သူတို့ကို စိုက်ပျိုးတဲ့ ပန်းပျိုးသူတွေကိုပါ ပျော်ရွှင်အေးချမ်းစေပါတယ်။ ဒါပေမယ့် ဖုန်းရွှေနည်းအရ ကိုယ့်အိမ်တွင်းကို မကောင်းတဲ့ energy တွေ မဝင်ရောက်နိုင်အောင် အခုပြောပြမယ့် ပန်းပင်တွေကို ရှောင်ကြဉ်စိုက်ပျိုးဖို့တော့ လိုပါလိမ့်မယ်။ ဂန္ဓမာပန်း အချို့ ရိုးရာ ယဉ်ကျေးမှုတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံမှာ ဂန္ဓမာပန်းဖြူဖြူတွေဟာ သေဆုံးခြင်းနဲ့ ဝမ်းနည်းခြင်းကို ကိုယ်စားပြုပါတယ်။ ဂန္ဓမာပန်းကို အသုဘအခမ်းအနားတွေမှာ အသုံးပြုကြလေ့ရှိပြီး ဝမ်းနည်းမှုသင်္ကေတအဖြစ် ရှုမြင်ကြပါတယ်။ မြန်မာမှာတော့ ဂန္ဓမာပန်းကို ဘုရားပန်းကပ်လှူရာမှာ သုံးကြပါတယ်။ ဒါပေမယ့် အိမ်မှာ အလှဆင်တဲ့ အနေနဲ့ ပန်းအိုးထိုးမယ်ဆိုရင်တော့ ပြန်စဉ်းစားရမယ့် ပန်းပါပဲ။ နှင်းဆီဝါ အချို့ ယဉ်ကျေးမှုတွေမှာ အဝါရောင် နှင်းဆီပန်းတွေကို မနာလိုမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု သင်္ကေတအဖြစ် ရှုမြင်ကြပါတယ်။ အဝါရောင်နှင်းဆီဟာ အိမ်ထဲသို့ အဆိုးဘက်အားသာတဲ့ စွမ်းအင်တွေ ယူဆောင်လာနိုင်တယ်လို့လည်း ဖုန်းရွှေက ဆိုပါတယ်။ ဝါပင် အမွှေးပွလေးလို အဆုပ်ဆုပ်နဲ့ ချစ်စရာဖြူဥဝါပင်ငယ်လေးတွေကို စီးပွားရေးအရ ခြံတွေနဲ့ အမြောက်အမြား စိုက်ပျိုးကြပေမယ့် သူတို့ကို ဘွန်ဆိုင်းပင်လေးတွေလုပ်ပြီး အိမ်ခန်းထဲမှာ စိုက်ပျိုးထားတာတော့ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဘုန်းရွှေအရတော့ ဝါပင်လေးတွေဟာ ကံဆိုးမှု၊ဆာလောင်မှုကို ဖိတ်ခေါ်တာကြောင့် လာဘ်တိတ်တတ်တယ်လို့ ယူဆထားတာပါ။ ကန္တာရပန်း ဒီပန်းတွေကတော့ ပန်းရယ်လို့တော့ အပွင့်တွေ၊ အခတ်တွေနဲ့ မဟုတ်ပေမယ့် အိမ်တွေမှာ သူ့ကိုအလှအနေနဲ့ စိုက်ကြလေ့ရှိပါတယ်။ ကန္တရပန်းတွေကတော့ အနုတ်လက္ခဏာ စွမ်းအင် ဒါမှမဟုတ် ရန်လိုမှုကို ကိုယ်စားပြုတာကြောင့် မကောင်းကံကို ဆောင်ကြဉ်းပေးတယ်လို့ ဖုန်းရွှေနည်းအရ ယူဆကြပါတယ်။ ပန်းခြောက်များ ဘုရားပန်းတွေ ခြောက်သွေ့နေရင် ချက်ချင်းလဲကြရတယ်မဟုတ်လား။ ပန်းခြောက်တွေဟာ ကျတ်သရေကင်းမဲ့တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာ ပန်းလှလှလေးတွေကို ပန်းအိုးလေးနဲ့ ထိုးထားတတ်မယ်ဆိုရင် ပန်းလေးတွေ ခြောက်သွားရင်လည်း မမေ့မလျော့ လွှင့်ပစ်သင့်ပါတယ်။ ဒါကတော့ ပန်းအလှဆင်ရတာ သိပ်ကိုကြိုက်တတ်ကြတဲ့ အိမ်ရှင်မများအတွက် သတိထားစရာ အချက်လေးတစ်ခုအဖြစ် ဗဟုသုတ ရမယ်လို့ မျှော်လင့်ရပါတယ်ရှင်။ Written By : Lily ( ShweProperty.com )
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties