By 7daydaily, Shweproperty.com
Updated at 22 September 2016
ဘဏ်နှင့် ငွေကြေးအဖွဲ့ အစည်းအချို့က ပြင်ပဈေးကွက် တွင် ဝင်ရောက် ဈေးကစားမှု ကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့် တက်လာ ကြောင်း သတင်းရရှိသည်။
အမေရိကန်ဒေါ်လာဈေး သည် စက်တင်ဘာ ၂၀ ရက် နံနက်က တစ်ဒေါ်လာလျှင် ၁,၂၆၀ ကျပ်သို့ မြင့်တက်ပြီး မွန်းလွဲပိုင်း တွင် ၁,၂၅၇ ကျပ်သို့ ပြန်လည်ကျ ဆင်းလာသည်။
ပြင်ပဈေးကွက်တွင် နံနက် စတင်ဈေးဖွင့်ချိန်၌ ဈေးနှုန်းဆွဲတင်မှုကြောင့် ပြီးခဲ့သည့် ရက်ထက် တစ်ဒေါ်လာလျှင် ၁၇ ကျပ်ခန့် မြင့်တက်လာသည်။
စက်တင်ဘာ ၂၁ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၂၅၁ ကျပ်ခန့် ဈေးရှိပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၁,၂၃၅ ကျပ် ဖြစ်သည်။
ပြည်တွင်းစီးပွားရေး လုပ် ငန်းရှင်များသည် ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီက စတင်၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု ကို လျှော့ချခဲ့ပြီး လက်ရှိ အစိုးရ လက်ထက်တွင်လည်း ယေဘုယျ ဆန်သော စီးပွားရေးမူဝါဒကြောင့် လုပ်ငန်းရှင်များက စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခြင်းမရှိသေးဘဲ ဘဏ်များတွင် ငွေများအပ်နှံပြီး အစိုးရ၏ အခြေအနေကို စောင့် ကြည့်နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ဘဏ်များတွင် အပ်ငွေများလာသဖြင့် ငွေကြေး လည်ပတ်မှု အကျပ်အတည်းကို ဘဏ်လုပ်ငန်းရှင်များက စိုးရိမ် နေပြီး ပြင်ပဈေးကွက်က အမေရိ ကန်ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ခြင်းကြောင့် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ယခုအချိန်တွင် ဒေါ်လာဈေး တက်ခြင်းသည် ပို့ကုန်နည်းသည့် အချိန်ဖြစ်ခြင်းကြောင့် ကုန်ဈေး နှုန်းမြင့်တက်မှုကို လူအများခံစား ရနိုင်သည်ဟု စီးပွားရေးပညာရှင် အချို့က ပြောသည်။
မိုးရာသီတွင် ပုဂ္ဂလိကကဏ္ဍ မှ ပြည်ပသို့တင်ပို့နေသည့် ကုန် ပစ္စည်းများ၌ ပဲမျိုးစုံ တစ်မျိုးသာ အများဆုံးဖြစ်ပြီး ဆန်အပါအ ဝင် လယ်ယာထွက်ကုန်များ တင်ပို့မှုမှာ အနည်းငယ်သာရှိသည်။
သွင်းကုန် ကဏ္ဍတွင် ပွင့်လင်းရာသီ မကြာမီရောက်ရှိမည်ဖြစ်ရာ စက်သုံးဆီ တင်သွင်းမှု အများဆုံးအချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် အချို့က ပြောကြားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae"
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties