By Myanmar Times, Shweproperty.com
Updated at 30 July 2018
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မြို့တော်စည်ပင်သာယာမှ အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် တန်ဖိုးမျှတအိမ်ရာ အဆောက်အအုံများပြီးစီးပြီဖြစ်၍ တိုက်ခန်းဝယ်ယူလိုသူများအား ဇူလိုင် ၂၄ ရက်မှစတင်၍ လျှောက်လွှာများရောင်းချနေကြောင်း သိရသည်။
ရောင်းချမည်
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာတွင် အာရ်စီလေးခန်းတွဲခြောက်ထပ် အဆောက်အအုံ၂၈ လုံးမှ အခန်းပေါင်း ၆၇၂ ခန်းကို မန္တလေးတိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစား-ဝန်ထမ်း များကို ရောင်းချပေးမည်ဖြစ်သည်။
"တိုက်ခန်းတွေရဲ့ရောင်းချမယ့် တန်ဖိုးနဲ့ ငွေပေးချေမှုပုံစံတွေကို ဘာမှမသိရသေးဘူး။ ဒီလုပ်ငန်းတွေပြီးတာနဲ့ အမြန်ဆုံးရောင်းချနိုင် အောင်စီစဉ်နေပါတယ်။ ရောင်းချရာမှာ ဘဏ်စနစ်၊ လက်ငင်းစနစ်နဲ့ ရောင်းချပေးမှာပါ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောဆိုသည်။ အဆိုပါ တန်ဖိုးမျှတအိမ်ရာတွင် တိုက်အလုံးပေါင်း ၁၄၀ အထိ ဆောက်လုပ်ရန်စီစဉ်ထားပြီး ယခုရောင်းချသည့် လျှောက်လွှာများကို သြဂုတ် ၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ ဝယ်ယူလိုသူများ၏ လျှောက်လွှာများကို ပြန်လည်လက်ခံမည်ဖြစ်သည်။
ရုပ်သိမ်းမည်
တိုက်ခန်းဝယ်ယူခွင့်ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ်အတွင်း ငှားရမ်းခြင်း၊ တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းမပြုလုပ်ရဘဲ စစ်ဆေးတွေ့ရှိပါကြူခေုငျအ သတ်မှတ် မည်ဖြစ်ပြီး တိုက်ခန်းထပ်မံတင်ဝယ်ယူခွင့် ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်းနှင့် မမှန်မကန်တင်ပြမှု များရှိပါကလည်း တိုက်ခန်းရရှိမှုကို ပြန်လည်ရုပ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။
"ရောင်းချတဲ့အပေါ်မှန်မှန်ကန်ကန်၊ မျှမျှတတဆို ပိုကောင်းပါတယ်။ ဒါနဲ့ဆိုရင် သုံးခါရှိပြီ လျှောက်တာ တစ်ခါမှ မရသေးဘူး။ဘာပဲဖြစ်ဖြစ် တိုက်ခန်းလေးနဲ့ဆိုတော့ သပ်သပ်ရပ်ရပ် နေချင်တာကြောင့် လျှောက်ခဲ့တာ"ဟု အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောဆိုသည်။
မန္တလေးမြို့သစ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း ၅၆၀ ကို၂၀၁၇- ခုနှစ် ဇန်နဝါရီ ၄ -ရက်တွင် မဲစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ဈေးနှုန်းများမှာ မြေညီထပ် ကျပ် ၂၂၃သိန်း၊ ပထမ ထပ် ကျပ်၂၀၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃သိန်း၊ တတိယထပ်ကျပ် ၁၇၈ သိန်းနှင့် စတုတ္ထ ထပ်ကျပ် ၁၆၃ သိန်းတို့ဖြစ်ပြီး လက်ငင်း စနစ်သာမက ဘဏ်စနစ်ဖြင့် ကနဦးတွင် တန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပေးသွင်းကာ ဝယ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Ref : Myanmar Times
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties