By Myanmar Times, Shweproperty.com
Updated at 29 May 2015
ဗီယက်နမ်အခြေစိုက် ဟောင်အန်းဂရီလိုင် မြန်မာ (HAGL Myanmar) ကုမ္ပဏီက ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် တည် ဆောက်လျက်ရှိသည့် ၎င်းတို့၏ ဟိုတယ်၊ စီးပွားရေး စင်တာ၊ ရုံးခန်းနှင့် လူနေအိမ်ခန်း များပါဝင်မည့် HAGL Myanmar Center စီမံကိန်းများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Lake Suiteအဆောက်အအုံ၏ လူနေ အိမ်ခန်းများကို ဇွန်လတွင် စတင်မိတ်ဆက်ပြသမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
"မြန်မာနိုင်ငံအတွက် လူမှုစုရပ်တစ်ခုလို ဖြစ်လာစေဖို့ ရည်ရွယ်ပြီး တည်းခိုစရာ ဟိုတယ်နဲ့ ဈေးဝယ်ဆိုင်ခန်းတွေကို လာ ရောက်လည်ပတ်ကြမယ့်သူတွေအပြင် လူနေအခန်းတွေနဲ့ ငှားရမ်းနေထိုင်သူတွေ နေထိုင် နေစဉ် တစ်ဆက်တည်း အလုပ်လုပ်ကိုင်နိုင် မယ့် ရုံးခန်းတွေကို တစ်နေရာတည်းရရှိမယ့် အတွေ့အကြုံမျိုး ရရှိဖို့ပါ။ အဲဒါကြောင့် မြန်မာ နိုင်ငံမှာ အခုလို HAGL Myanmar စင်တာ ကို လာရောက်ရင်းနှီးမြှုပ်နှံခဲ့တာပါ" ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr.Cao Duy Thinh ကပြောသည်။
ဇွန်လတွင် ဝယ်ယူသူများထံ စတင်မိတ်ဆက်ကာ ကြိုတင်ရောင်းချရန်စီစဉ်လျက်ရှိသည့် Lake Suite အဆောက်အအုံသည် HAGL Myanmar Center ပင်မအဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ လူနေအခန်းများနှင့် ရုံးခန်းများပါဝင်သည့် အဆောက်အအုံဖြစ်သည်။ ယင်းအဆောက် အအုံက အခန်းများ၏ ဈေးနှုန်းမှာ ကျပ် သိန်းသုံးထောင်မှ ခြောက်ထောင်အတွင်းရှိပြီး ယင်းဈေးနှုန်းများမှာ လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ကွန်ဒိုတိုက်ခန်းဈေးနှုန်း များခန့်သာရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"ဒီဈေးနှုန်းကတော့ လက်ရှိဈေးကွက်ထဲ မှာ ရှိနေတဲ့ ကွန်ဒိုအခန်းတွေရဲ့ ရောင်းဈေး တွေလောက်ပါပဲ။ ခြောက်မိုင်ခွဲက ရွှေဟင်္သာကွန်ဒိုဆိုရင် တစ်ခန်းကို သိန်းခြောက်ထောင် ငါးရာလောက် ရောင်းဈေးရှိတယ်။ အခု နောက်ပိုင်းမှာ မိတ်ဆက်ပြီး ကြိုပွိုင့်ရောင်း လာကြတဲ့ နာမည်ကြီး အဆင့်မြင့်ကွန်ဒိုတွေ ဆိုရင်လည်း တစ်စတုရန်းပေကို ကျပ် နှစ်သိန်းလောက်ကနေ သုံးသိန်းလောက် ရောင်းကြတယ်" ဟု အိမ်ခြံမြေအကျိုးဆောင် ကိုထွန်းထွန်းက ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့်ရှိသည့် အဆိုပါစီမံကိန်းသည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ရန်ကုန်မြို့၌ တရားဝင်စတင်မိတ်ဆက်ကာ ယခင်က စက်မှု(၁)ဝန်ကြီးဌာနရုံး မြေနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ "ံHAGL Myanmar Center ကဗီယက်နမ်ကုမ္ပဏီရဲ့ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းက ရန်ကုန်မြို့တွင်း မှာတင်နိုင်ငံတကာအဆင့်မီ မြှင့်တင်ထား တဲ့ ပထမဦးဆုံး အကျိုးတူ ပူးတွဲလုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ အိမ်ရာ ဈေးကွက်မှာလည်း ကျွန်တော်တို့ရဲ့ ရင်းနှီး မြှုပ်နှံမှုက အများကြီး အထောက်အကူပြုမယ် လို့မျှော်လင့်ပါတယ်" ဟု အမှုဆောင်အရာရှိ ချုပ်က ပြောသည်။
အဆိုပါ Lake Suite အဆောက်အအုံ သည် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတို့ ၏ ကြားတွင် တည်ရှိပြီး အင်းလျားကန်၏ ရှုခင်းကိုလည်း ရရှိမည့် တည်နေရာတွင် ရှိကြောင်းကုမ္ပဏီက တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ယင်းအဆောက်အအုံ တွင် ပါရှိမည့် လူနေအခန်းများနှင့်ရုံးခန်းများ မှာ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ ပါရှိမည် ဖြစ်ပြီး အရည်အသွေးမြင့်သည့် အိမ်အသုံးအဆောင်ပစ္စည်းများကို အသုံးပြုထားခြင်း ကြောင့် နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်း ရှင်များအတွက်ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန် ဆောင်ရွက်ထားကြောင်း ယင်း ကုမ္ပဏီက ပြောသည်။
ထို့ပြင် Lake Suite အဆောက်အအုံကို ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံတစ်ခုအဖြစ် တည်ဆောက်ထားကြောင်းနှင့် ဗဟိုအမှိုက်စွန့်ပစ်ပစ္စည်းရှင်းလင်းရေးစနစ်နှင့် ၂၄ နာရီ လုံခြုံရေးစနစ်များ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ "Lake Suite မှာ အခန်းအမျိုးအစား လေးမျိုးရှိပါတယ်။ တစ်ယောက်အိပ်ခန်း၊ အဆင့်မြင့် နှစ်ယောက်အိပ်ခန်း၊ ပထမတန်း စား နှစ်ယောက်အိပ်ခန်းနဲ့ သုံးယောက်အိပ်ခန်းဆိုပြီး ခွဲထားပါတယ်။ ဒီအခန်းတွေမှာ နေထိုင်မယ့်သူတွေအတွက် ရေကူးကန်၊ တင်းနစ်ကွင်း၊ ကစားကွင်းတွေနဲ့ စားသောက် ဆိုင်တွေလည်း ပါဝင်တဲ့အတွက် အဲ ဒီဝန်ဆောင် မှုတွေလည်း ရရှိမှာပါ" ဟု HAGL Myanmar Center တာဝန်ရှိတစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် အဆင့်မြင့်ရုံးခန်းများ ကိုလည်း ရန်ကုန်မြို့တွင် ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်သည်။ ဟောင်အန်းဂရီလိုင်မြန်မာ ( HAGL) ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ ပင်မစီးပွားရေး နှစ်ခုမှာ စိုက်ပျိုးရေးနှင့် အိမ်ခြံမြေလုပ်ငန်းဖြစ်သည်။ ယင်းကုမ္ပဏီ၏ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းသည် ဗီယက်နမ်နိုင်ငံတွင် သာမက လာအို၊ ထိုင်းနိုင်ငံနှင့်အရှေ့တောင် အာရှ ဒေသများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လျက်ရှိသည်။ ယခု HAGL Myanmar Center သည်လည်း ယင်းကုမ္ပဏီ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties