By 7daydaily, Shweproperty.com
Updated at 13 July 2015
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေပိုင်ဆိုင်မှု အထောက်အထား မရှိသော ကျေးရွာမြေများအား စီမံချက်ဖြင့် ဂရန်များ ထုတ်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဂရန်ထုတ်ပေးရေး စီမံချက်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကျေးရွာမြေများမှာ ရွာမြေ၊ လယ်မြေများ အဖြစ်သာ ရှိနေပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၊ ၅၀ ခန့်ကတည်းက နေထိုင်ခဲ့ကြသည့် ရွာမြေများဖြစ်ကြောင်း၊ မြေဂရန် မရှိခြင်းကြောင့် အခိုင်အမာ အိမ်ဆောက်၍မရ ဖြစ်နေကြောင်း သိရသည်။ ထို့အတွက် ၎င်းတို့ အဆင်ပြေစေရန်အတွက် စီမံချက်ဖြင့် ဂရန်များ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ “ကျူးကျော်တော့ မဟုတ်ဘူး။ လက်ရှိ ရွာမြေတွေပေါ့။ မြေပိုင်ဆိုင်မှု အထောက်အထား ဘာမှ မရှိဘူး။ သူတို့က ကျူးကျော်မြေလို ဖြစ်နေတာပေါ့။ ရွာကြီးက ကြာနေပြီ။ နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ ကတည်းက ရွာကြီးတွေ။ ဒါတွေက လယ်မြေပဲ အမည်ပေါက်နေတယ်။ သူတို့က ဂရန်လည်း ထုတ်လို့မရ။ အိမ်လည်း ဆောက်လို့မရ ဖြစ်နေတယ်။ ဂရန်လေး ရသွားရင် သူတို့ တော်တော်လေးကို အဆင်ပြေသွားမှာ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဂရန်များ ထုတ်ပေးရာတွင် နှစ် ၃၀၊ နှစ် ၆၀ ဂရန် စသည့် အချက်အလက်များကို ညှိနှိုင်းနေပြီး ထုတ်ပေးမည့် ကျေးရွာများကိုလည်း စာရင်းပြုစုလျက်ရှိကြောင်း သိရသည်။ အလားတူ အချို့လယ်ယာမြေများသည်လည်း ပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် လယ်ယာမြေများ ဆုံးရှုံးကာ ထိခိုက်နစ်နာခဲ့သည့် လယ်လုပ်သူ များစွာ ရှိနေကြောင်း သိရသည်။ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရေး ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးအဖွဲ့က ငွေကျပ် သန်း ၅၀၀ ကို ယခုဘဏ္ဍာနှစ်အတွက် ထောက်ပံ့ပေးထားကြောင်း သိရသည်။ သို့သော် မည်သို့ လုပ်ဆောင်မည် ဆိုသည်ကိုမူ မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် စပါးစိုက်ရာသီတွင် စိုက်ပျိုးဧက စုစုပေါင်း ၁၂ သိန်းခန့် ရှိနေကြောင်း သိရသည်။ Ref : Eleven Media Group Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties