By Kumudra, Shweproperty.com
Updated at 23 April 2018
Y Complex Project လို့ အမည်ပေးထားတဲ့ ရွှေတိဂုံဘုရားအနီးရှိ ယခင်စစ်သမိုင်းပြ တိုက်နေရာမှာဆောက်လုပ်မယ့် တန်းမြင့် ဟိုတယ်နဲ့ ရုံးခန်းတွေပါဝင်တဲ့ ဆောက်လုပ်ရေးစီမံကိန်းကို မကြာမီစတင်တော့မယ်လို့ အကောင်အထည်ဖော်မယ့် ကုမ္မဏီ ကထု တ်ေ ဖ်ာကြေညာပါတယ်။
အကောင်အထည်ဖော်မယ့် ကုမ္မဏီက ဂျပန်နိုင်ငံဘက်မှ Fu-jita ကော်ပိုရေးရှင်း၊ Tokyo Tate-mono ကုမ္မဏီ၊ ဂျပန်အစိုးရနှင့် ပုဂ္ဂ လိကစီးပွားရေးလုပ်ငန်းပူးပေါင်းတည် ထောင်ထားတဲ့ JOIN ခေါ် Japan Overseas Infrast-ructure Investment Cor-poration for Transport and Urban Development နဲ့ မြန်မာနိုင်ငံဘက်မှ YTTC ခေါ် Yan-gon Technical and Trading ကုမ္မဏီတို့ ပူးပေါင်းဖွဲ့စည်းထားပါတယ်။ YTTC ကုမ္မဏီဟာ ဧရာဟင်္သာ ကုမ္မဏီရဲ့လက်အောက်ခံ ကုမ္မဏီတစ်ခုလည်းဖြစ်ပါတယ်။
စီမံကိန်းတည်နေရာဟာ ရွှေတိဂုံဘုရားကိုဖူးမြင်ရတဲ့ မြင်ကွင်းမကွယ်စေဖို့ ကန့်သတ်အမြင့်ပေသတ်မှတ်ထားတဲ့ ဧရိယာမှာပါဝင်နေပါတယ်။
စီမံကိန်းမှာပါဝင်မယ့် အဆောက်အအုံက ကိုးထပ်ရှိပြီး မြေပြင်မှအဆောက်အအုံအမြင့်ပေ ၁၃၀၊ ၁၁ လက်မရှိမည်ဖြစ်ပြီး ပင်လယ်ရေမျ က်နှာပြင်မှဆိုလျှင်အမြင့်ပေ ၁၈၄ ပေဖြစ်ပါတယ်။
ရွှေတိဂုံဘုရားကို ဖူးမြင်ရတဲ့ မြင်ကွင်းမကွယ်ဖို့ ကန့်သတ်အမြင့်ပေက ၁၉၀ ပေဖြစ်ရာ ထိုပမာဏထက် အဆောက်အအုံက ငါးပေေ ကျာ်နိမ့်မည်ဟု ကုမ္မဏီကတာ ဝန်ရှိသူတွေက ပြောပါတယ်။
စီမံကိန်းဆောက်လုပ်ရေး ကာလအတွင်းအလုပ်အကိုင် ၈ဝဝ ကျော်နဲ့ အဆိုပါအဆောက်အအုံလုပ်ငန်းများလည်ပတ်ချိန်မှာ အလုပ်အကိုင် ၅ဝဝ ကျော်ပေးနိုင်မယ်လို့ ကုမ္မဏီကဆိုပါတယ်။
ဆောက်လုပ်ရေးအပိုင်းကို Fujita ကော်ပိုရေးရှင်းက တာဝန်ယူတည်ဆောက်မှာဖြစ်ပြီး ဟိုတယ်စီမံခန့်ခွဲမှုအပိုင်းကို Hotel Okura နဲ့ ရုံးခန်းပိုင်း စီမံခန့်ခွဲမှုကို Tokyo Tatemono ကတာဝန်ယူမှာဖြစ်ပါတယ်။
Ref : Kumudra Photo Credit : Buildersguide Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties