By ကုမုဒြာ, Shweproperty.com
Updated at 11 June 2013
ယခုတစ်ပတ် စက်မှုဇုန်ဈေးကွက်အခြေအနေကတော့ မိုးဦးကျဖြစ်တာကြောင့် ပစ္စည်းသိုလှောင်ဖို့အတွက် အဌားဈေးကွက်ဖြစ်နေတယ်လို့ သိရပါတယ်။
‘မိုးဦးကျဆိုတော့ ပစ္စည်းသိုလှောင်မယ့်သူတွေရှိလို့ အဌားကတော့ ပြည့်နေပါပြီ၊ အရောင်းအဝယ်ကတော့ အနည်းငယ်အေးနေပါတယ်’လို့ အာရှမြေယာ အိမ်ခြံမြေအကျိုးဆောင်မှ ကိုပိုင်မြင့်က ပြောပါတယ်။
အဌားလိုက်တဲ့ စက်မှုဇုန်တွေကတော့ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရန်ကုန်စက်မှုဇုန်၊ အရှေ့ဒဂုံဘက်တွေဖြစ်ပြီး သွားလာရအဆင်ပြေတဲ့နေရာပေါ်မူတည်ပြီး အဌားလိုက်တယ်လို့ သိရပါတယ်။ ဈေးတွေကတော့ မြေကြီးဖို့ထားတာ၊ ခြံစည်းရိုးခတ်ထားတာ၊ ပါဝါမီတာပါတာ မပါတာနဲ့ ထရန်စဖော်မာတပ်ထား မထားတာပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
‘နေရာအနေအထား၊ ဈေးနှုန်းအနေအထား၊ ပါဝါမီတာပါရင် ဘယ်လောက်ဆိုပြီး ဈေးကွာပါတယ်၊ ငါးသိန်း ၊ ၁၀ သိန်း၊ ၁၅ သိန်း ရှိပါတယ်၊ အစားအစားပေါ့’လို့ ၎င်းကပဲ ဆက်ပြောပါတယ်။
‘နိုင်ငံခြားကနေ ပစ္စည်းတွေတင်သွင်းလာလို့ ဂိုဒေါင်တွေအဌားလိုက်လာတယ်၊ တစ်ပေပတ်လည်ကို ကျပ်သိန်း ၂၀၀ ဝန်းကျင်လောက်နဲ့ အဌားဖြစ်နေတယ်’လို့ ရွှေကံမြေ အိမ်ခြံအကျိုးဆောင်မှ ဦးခင်မောင်အေးကလည်း ပြောပါတယ်။
Ref : ကုမုဒြာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties