By Sint Sint, Shweproperty.com
Updated at 27 August 2021
မိမိအိမ်အတွင်း လေကောင်းလေသန့်ရရှိခြင်းက စိတ်ကို လန်းဆန်းပေါ့ပါးစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကုူပြုပါတယ်။အိမ်အတွင်းမှာ အမြဲတစေ လေကောင်းလေသန့်ရရှိဖို့က မလွယ်ကူပါဘူး။ဒါပေမယ့်လည်း လေကောင်းလေသန့်ရရှိဖို့ ရှောင်ကျဉ်ရမယ့် အရာများနဲ့ ပြုလုပ်လို့ရတဲ့ အရာများလည်း ရှိပါတယ်နော်။ (၁) အမြဲ စိုထိုင်းနေခြင်းကို ရှောင်ပါ။ လူတိုင်းလိုလို အမြဲရေနွေးပူနှင့် ရေချိုးခြင်း၊ အသား၊ငါး ပေါင်းခြင်းများ ပြုလုပ်တတ်ပါတယ်။ ဒါက မှားယွင်းတဲ့ အရာ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေထုထဲတွင် စိုထိုင်းဆ ပမာဏ ၃၀ကျော် မြင့်တက်လာလျှင် မိုလ် နှင့် ဖုန်မှုန့်ကြောင့် စေးကပ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့ကြောင့် စိုထိုင်းဆ ပမာဏကို လျော့ချနိုင်ဖို့ လေဝင်ပေါက်များဖွင့်ပေးခြင်းနှင့် လေစုပ်ပန်ကာများတပ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ (၂) အိမ်နောက်ဖေး အသုံးအဆောင်ပစ္စည်းများကို အမြဲသန့်ရှင်းနေအောင်ထားပါ။ ရေခဲသေတ္တာ၊ မုန့်ဖုတ်စက် အစရှိသော အနံ့ဆိုးထွက်နိုင်သည့် စက်များကို အမြဲသန့်ရှင်းနေသင့်ပါတယ်။ တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါ အချိန်သတ်မှတ်ပြီး ကျွမ်းကျင်ပညာရှင်ထံတွင် စစ်ဆေးပြီး ဂတ်(စ်)စိမ့်ထွက်ခြင်းများရှိလျှင် ပြင်ဆင်သင့်ပါတယ်။ (၃) အိမ်အတွင်း ဆေးလိပ် သောက်ခြင်းကို ရှောင်ပါ။ အိမ်အတွင်း ဆေးလိပ်မသောက်သင့်မှန်း လူတိုင်းသိကြပါတယ်။ သို့ပေမယ့် သောက်ချင်စိတ်ပြင်းပြလာသည့်အခါ သောက်လိုက်မိသည့် အခိုက်အတန့်လေးတွေလည်း ရှိပါတယ်။ ဆေးလိပ်မှ ထွက်သော Chemical အငွေ့များ မိမိ မိသားစုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဝရန်တာ (သို့မဟုတ်) အိမ်အပြင်လှေကားတွင် တံခါးပိတ်ပြီး သောက်ဖို့ အကြံပြုပါရစေ။ (၄) အိမ်အတွင်း သစ်ပင်စိုက်ခြင်း သစ်ပင်တွေက အဆိပ်ဖြစ်စေသော ဓာတ်ငွေ့များကို စုပ်ယူနိုင်စွမ်းရှိသည့်အပြင် စိတ်ကြည်လင်လန်းဆန်းမှုတွေကို ပေးနိုင်ပါတယ်။ ထိုကြောင့် အိမ်အတွင်း စိုက်ပျိုးနိုင်သည့် ဂမုန်းပင်၊ ရွက်လှပင်နှင့် အခြားစိမ်းစိုသည့် အပင်လေးများကို စိုက်ပျိုးပေးပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အိမ်တွင်းအန္တာယ် (၈) ခုအကြောင်း အိမ်မှာရှိတဲ့အိမ်သုံး ပစ္စည်းတွေနဲ့ ခြင်တစ်ကောင်မှ မရှိတော့တဲ့အထိ သဘာဝအတိုင်း ခြင်တွေကို ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်းများ အိမ်တွေမှာ အသုံးများတဲ့ ဒယ်အိုးနီရဲ့ မာယာ အန္တရာယ်အကြောင်း သင့်အိမ်မှာ ကြမ်းပိုးတွေ သောင်းကျန်းနေပြီလား Credit By: Prime Design Service Posted By: Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties