ကျွန်ုပ်၏ အဘိုးတစ်ဦးသည် ကုန်ထမ်းသော အလုပ်ဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေးရလေ၏။ သို့ရာတွင် ၎င်း၏အိမ်ကလေးမှာမူ သပ်သပ်ရပ်ရပ်နှင့် အတော်ကလေး တန်ဖိုးကြီးလေ၏။ အမွေရထားသော အိမ်ကလေးဖြစ်၏။ ထို့ကြောင့်လည်း ထိုအိမ်ကလေး ကို မထုခွဲရက်ဘဲ အဆင်းရဲခံကာ နေထိုင်ခဲ့လေ၏။

တစ်ခါသော် အဘိုးတို့ရပ်ကွက်တွင် မီး လောင်ရာ ထိုအိမ်ကလေး ပါသွားလေတော့၏။ အစကပင် ချို့ငဲ့ရှာသော အဘိုးသည် အိမ်ကောင်း ကောင်း ပြန်မဆောက်နိုင်တော့ဘဲ ဝါးတကြလေး ဖြင့်သာလျှင် နေရရှာလေတော့၏။ သို့ရာတွင် ထိုး ဝါးတကြလေးဖြင့် နေထိုင်ရပြီး ခြောက်လခန့်အကြာ မှာပင် အဘိုးသည် ထီပေါက်လေတော့၏။ စီးပွားများ ထူထောင်ကာ လူချမ်းသာတစ်ဦး ဖြစ်လာခဲ့၏။



 
မြို့လယ်တစ်နေရာတွင် မြေကွက်တစ်ကွက် ဝယ်ခါ စတိုးဆိုင်ကြီးတစ်ဆိုင် ဖွင့်ခဲ့ပေ၏။ သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ကောင်က အိမ်မှာနေတဲ့ ရက်တွေဆိုရင် ငါ့စတိုးဆိုင်က ကျီးနဲ့ဖုတ်ဖုတ် ဆို သလိုဘဲ လုံးဝမရောင်းရဘူးဟေ့။ ဝါးတဲလေးမှာ နေတဲ့ ရက်တွေဆိုရင်တော့ ငါ့ဆိုင်က ကြက်ပျံမကျ ဆိုသလိုပဲ အရမ်းစည်ကားပြီး ရောင်းကောင်းတော့ တာပဲကွ” ဟုဆိုကာ ဝါးတဲကလေးတွင်သာ သွားကာ နေလေ၏။

နောက်ထပ် ကျွနု်ပ်သတိထားမိသော ဖြစ်ရပ် တစ်ခုရှိသေး၏။ ကျွနု်ပ်တို့အိမ်နှင့် မလှမ်းမကမ်းတွင် အလွန်ဆင်းရဲသော ကိုစိန်သောင်းဆိုသူ မိသားစု ရှိပေ၏။ ၎င်းကိုစိန်သောင်းတို့မှာ မောင်မြရွှေဆိုသော သားငယ်တစ်ဦး မွေးဖွားလေ၏။ မောင်မြရွှေ၏ အထက်တွင်လည်း သားသမီးလေးယောက်ရှိသေး၏။

သို့ရာတွင် မောင်မြရွှေကလေး ဖွားမြင်ပြီး သည့်နောက်၌ ကိုစိန်သောင်းတို့ မိသားစုသည် စီးပွား ဘုန်းခနဲတက်သွားလေရာ မောင်မြရွှေကလေး အခါ လည်သား အရွယ်ခန့်တွင် နှစ်ထပ်တိုက်ကြီး ဟီး နေအောင် ဆောက်နိုင်ခဲ့လေ၏။

သို့ရာတွင် အိမ်နီးချင်းများ စိတ်မကောင်း ဖြစ်၇သည်မှာ အိမ်သစ်တက်သောညမှာပင် ဦးစိန် သောင်းသည် ရုတ်တရက်ကြီး ကောက်ကာငင်ကာ ဆိုသလို ဆုံးပါးသွားရှာလေ၏။ ထို့ကြောင့် အရပ် ထဲတွင် မောင်မြရွေကလေးက အိမ်ကြီးအိမ်ကောင်းနဲ့ နေဖို့ကံ ပါလာတယ်တဲ့။ ကိုစိန်သောင်းကြီး တစ် ယောက်ကတော့ အိမ်ကြီးအိမ်ကောင်းနဲ့ နေဖို့ ကံ မပါဘူးထင်ပါရဲ့ဟယ်ဟု ပြောစမှတ်ပြုကြလေ၏။

ထို့အပြင် ရေနံချေးများ ဝနေအောင် သုတ် ထားသော နှစ်ဆောင်ပြိုင်ကျွန်းအိမ်ကြီးဖြင့် နေရ သည့် တောမှ ရွာလူကြီးတစ်ဦး၏ သားသည် မြို့သို့ ကျောင်းသွားတက်သောအခါ အမျိုးတော်စပ်သူ၏ အိမ်စုတ်ကလေးတွင် နေထိုင်ရခြင်း၊ တဲကုပ်ကလေးနှင့် နေ နေရရှာသူ၏ သားသမီးတစ်ဦးကို မြို့က သူဌေးမှ ခေါ်ယူမွေးစား သောကြောင့်နေ့ချင်းညချင်း အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရခြင်းဆိုသည့် ဖြစ် ရပ်များကိုလည်းကျွနု်ပ် ကြားဖူးတွေ့ဖူးလေ ၏။

 

ထို့ကြောင့် လူတစ်ဦးချင်း တစ်ဦးချင်း စီတွင် အိမ်ကြီးအိမ်ကောင်းနဲ့ နေရမည့်ကံ၊ အိမ်စုတ် ကလေးဖြင့် နေရမည့်ကံ၊ အိမ်ငှားဖြင့် နေရမည့်ကံ စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်ကြောင်း ကျွနု်ပ် သတိပြုမိလေ၏။ နောင်တစ်ချိန် ကျွနု်ပ်သည် ဗေဒင် ဆရာတစ်ဦး ဖြစ်လာသောအခါတွင်လည်း လူတို့၏ ဇာတာကို လိုက်ပြီး အိုးကံ၊ အိမ်ကံ အမျိုးမျိုး ကွဲပြား နိုင်ကြောင်း အတွေ့အကြုံများစွာရရှိလာခဲ့ ပါလေ တော့၏။

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပြီး (၇) ဖြင့်စားပါ။ အကြွင်း (၇) မျိုး ထွက်လာပေတော့မည်။  ထိုအကြွင်း များကို လိုက်ပြီး မိမိအတွက် အိုးကံ၊ အိမ်ကံကို အောက်ပါအတိုင်း ချိန်ဆကြည့်ရန် ဖြစ်ပါတော့သတည်း။

(၁) ကြွင်းသော ခုနစ်ရက် သားသမီးများ သည် အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေး အား နည်းတတ်သည်။ မကြာခဏ ပြောင်းရွှေ့ နေရတတ် သောသူများ ဖြစ်သည်။ တစ်နေရာတည်းတွင် အခြေ မချရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာ ရေး ညံလာတတ်သည်။

(၂) ကြွင်းသော ခုနစ်ရက် သားသမီးများ သည် တော်ရုံတန်ရုံ သူဌေးပင် မနေနိုင်သော အိမ် ကြီးအိမ်ကောင်းဖြင့် နေထိုင်ရတတ်သည်။ ခမ်းနား ထည်ဝါသော အိမ်ကြီးများတွင် နေရတတ်သည်။ ယခုအခြေအနေတွင် ဆင်းရဲနေလျှင်ပင် အိမ်ကို သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွား တက်လာနိုင်ပေသည်။

(၃) ကြွင်းသော ခုနစ်ရက် သားသမီးများ သည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ အိမ်ကို မကြာခဏ အရောင်၊ ဒီဇိုင်း၊ အနေအထား စသည်ဖြင့် ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွားတက်လေလေ ဖြစ်မည်။ အိမ်ကိုအကြောင်း ပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့် အိမ်ကို တွဲထားသင့်သည်။

(၄) ကြွင်းသော ခုနစ်ရက်သားသမီးများ သည် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ မထင်မှတ်ဘဲ အမွေရခြင်း၊ ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်ပြီးလည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း၊ ကြီးကဲသူတို့က ချီးမြှင့်ခြင်းတို့ ကြောင့်လည်းကောင်း အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။



(၅) ကြွင်းသော ခုနစ်ရက်သားသမီးများသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေး အားနည်း တတ်သည်။ မကြာခဏ ပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင် အလုပ်များ အဆင်မပြေခြင်း၊ ပူပင် သောကများရခြင်းများ ကြုံရတတ်သည်။ အိမ်နှင့် အလုပ်ကို တွဲမထားသင့်သူများ ဖြစ်ပေတော့သည်။

(၆) ကြွင်းသော ခုနှစ်ရက် သားသမီးများ သည် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရတတ် သောသူများ ဖြစ်ပေတော့သည်။ ထူးခြားဆန်းပြား သော ပုံစံဒီဇိုင်းများနှင့် အိမ်များတွင် နေထိုင်ရတတ် သည်။ အိမ်ကြီးအိမ်ကောင်းနှင့်နေပြီး စီးပွားတက် တတ်သည်။ တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များ တွင် နေရတတ်သည်။

(ဝ) ကြွင်းသော ခုနစ်ရက်သားသမီးများ သည် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရန် ကံနည်း တတ်သည်။ အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်လျှင်ပင် ထိုအိမ်တွင် အမြဲမနေရတတ်ပေ။ မိမိမှာ အိမ်ပိုင် ပါလျက်နှင့် အခြားတစ်ပါးတွင် သွားပြီး နေထိုင်ရ တတ်သည်။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရ တတ်ပေသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


စီးပွားတက်မည့် အိမ်ဆောက်နည်း
ဗေဒင်ကျမ်းအရ အိမ်ဆောက်ရက် ၊အိမ်ဆောက်လ ရွေးနည်း
အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ
လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာနေရင် ဘာဖြစ်တက်လဲ


Ref By: ဇင်ယော်နီ (manawmaya journal)
Posted By: Ra Wai (ShweProperty.com)