By Myanmar Builders Guide, Shweproperty.com
Updated at 4 March 2019
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် ၂၀ ရပ်ကွက်ရှိ သံဒင်းဈေးနှင့် တ(၁၅) ရပ်ကွက် လှော်ကားနီလာဈေးတို့ကို ဈေးအင်္ဂါရပ်များနှင့် ညီညွတ်စေရန်အတွက် အသစ်ပြန်လည်ဆောက်လုပ်လျက်ရှိပါသည်။
ထိုသို့ တည်ဆောက်ရာတွင် (၄၀x၆၅) ပေရှိ တစ်ထပ်ဆောင်နှစ်ဆောင်ကို ဆောက်လုပ်လျက်ရှိပြီး ယင်းအဆောက်အအုံတစ်လုံးတွင် ဈေးဆိုင်ခန်းပေါင်း ၅၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆောက်အအုံမှာ စတီးသံချောင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အောက်ခံအဖြစ် ကွန်ကရစ်ခင်းကာ အမိုးဒိုင်းများပြီးစီး၍ မကြာမီအမိုးများ တပ်ဆင်မည်ဖြစ်ကြောင်း၊ မှုလက ကိုယ့်အားကိုယ်ကိုးပုံစံမျိုးဖြင့် ဆောက်လုပ်ထားခဲ့ရာမှ ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများ ဌာနမှ တာဝန်ယူ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ သံဒင်းဈေးကို လာမည့်မေလအတွင်းပြီးစီးရန် ခန့်မှန်းထားကြောင်း ဈေးဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ထို့အတူ အလျား ၃၅ ပေx အနံပေ ၁၃၀ ရှိ ဈေးရုံသစ် သုံးရုံကိုလည်း လှော်ကားနီလာဈေးတွင် ဆောက်လုပ်လျက်ရှိရာ ဈေးရုံလေးရုံ ဆောက်လုပ်ရန် လျာထားသည့်အနက် ယခင်နှစ်က ဈေးရုံတစ်ရုံ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုနှစ်တွင်ကျန်ရှိသည့် ဈေးရုံသုံးရုံကို ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်သည်။
အဆိုပါ ဈေးရုံသစ်များမှာ ဈေးရုံတစ်ရုံတွင် ဆိုင်ခန်း ၈၈ ခန်းပါဝင်မည်ဖြစ်ပြီး ဈေးရုံများမှာ နေရာအသစ်တွင် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ဈေးရုံအဟောင်းများကို တစ်ထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။
"မှုလဈေးရုံဟောင်းကို ပြန်လည်တည်ဆောက်တဲ့အတွက် ဈေးသူဈေးသားတွေကို သူ့နေရာနဲ့သူ ပြန်ပေးမှာပါ။ မဲနှိုက်စရာမလိုပါဘူး" ဟု ဈေးများဌာနမှ တာဝန်ခံ ဒေါ်ညိုညိုသင်းက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties