By Myanmar Builders Guide, Shweproperty.com
Updated at 2 May 2019
အခြေခံပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရန် အစိုးရ၏အခွန်ကောက်ခံမှုနှုန်းထားများ ပြင်ဆင်ပေးသင့်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဧပြီ ၂၈ ရက်က ရန်ကုန်မြို့ ဆရာစံပလာဇာ CBC Ballroom ၌ပြုလုပ်သည့် "မြန်မာ့ အိမ်ခြံမြေဈေးကွက် ပြန်လည်နိုးထလာနိုင် လား"ဟူသည့် ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည့် B2B စကားဝိုင်းအပြီး မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
"အခုလက်ရှိကောက်ခံနေတဲ့အခွန်က တစ်ကျပ်ကနေ ကျပ်သိန်း ၅၀ဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်ကို ၂၅ ရာခိုင်နှုန်းကောက်တယ်။ အဲဒီမှာ တံဆိပ် ခေါင်း အခွန်လေးရာခိုင်နှုန်းပါသွားတယ်။ အခွန်ကို အရင်တုန်းကလည်း ကောက်ခဲ့တာပါပဲ။ ၂၀၁၅ ခုနှစ်ကဆိုရင် တစ်ကျပ်ကနေ ကျပ်သိန်း ၅၀ဝ အထိကို သုံးရာခိုင်နှုန်းဆိုပြီးကောက်ခဲ့ တယ်။ ဒီလိုနှုန်းထားတွေ ပြန်လည်ပြင်ဆင်ပေး ရင် ပြည်သူတွေအတွက် အဲဒီအချိန်တုန်းက ဒုတိယ ရွှေနှစ်ဆိုတာဖြစ်ခဲ့တော့ အခုလည်း အဲဒီလို ရွှေနှစ်ကို မရောက်တောင် အဲဒီနှစ် တွေနီးပါး ပြန်ရောက်လာမလားပေါ့။ အခွန် ပြန်လည်လျှော့ချလိုက်ရင်တောင် တစ်မျိုး တစ်ဖုံပြောင်းလဲသွားနိုင်တယ်။ အခြေခံပြည်သူ တွေ အိမ်ပိုင်ဆိုင်ဖို့အတွက် အစိုးရအနေနဲ့ အခွန်နှုန်းထားတွေပြင်ဆင်ပေးသင့်တယ်"ဟု ၎င်းက ပြောဆိုသည်။
ပြန်လည်ဦးမော့လာရန်
မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၂ မှ ၂၀၁၄ အထိ ဈေးအမြင့်ဆုံးရွှေခေတ်ဖြစ်ခဲ့ ပြီး အစိုးရအပြောင်းအလဲကြောင့် ၂၀၁၄– ၂၀၁၅ တွင် ငြိမ်သက်ခဲ့ကြောင်း ၊ အစိုးရအပြောင်း အလဲပြီးပါက ဈေးကွက်ပြန်လည်ပြောင်းလဲသွားမည်ဟုထင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကစတင်ကာ အခွန်နှုန်းထားများ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာစေရန် အစိုးရ၏ပံ့ပိုး ကူညီမှုဖြင့် အခွန်နှုန်းထားများပြင်ဆင်သတ် မှတ်ပေးခြင်း၊ အိမ်ရာချေးငွေအတွက် ဘဏ် အတိုးနှုန်းထားများ လျှော့ချခြင်းနှင့် နိုင်ငံ ခြားသားများ လာရောက်ရင်းနှီးမြှုပ်နှံလာ ရေးအတွက် ဥပဒေများခိုင်မာစေရေးလုပ် ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
"လက်ရှိအခွန်နှုန်းထားတွေကများတော့ တန်ဖိုးနည်းအိမ်ရာဝယ်တဲ့သူတွေက အခွန် ပေးဆောင်ဖို့ ခက်ခဲတယ်လို့မြင်နေရတယ်။တန်ဖိုးနည်းအိမ်ရာဝယ်တဲ့သူတွေကို ကောက်တဲ့ အခွန်နှုန်းမြင့်နေရင် ပြည်သူတွေမဝယ်နိုင်ဘဲ အိမ်ပိုင်ဆိုင်မှုမရှိနိုင်ဘူး။ အိမ်ပိုင်ဆိုင်ဖို့အတွက် တစ်ကြိမ်သာအိမ်ဝယ်နိုင်တဲ့သူတွေကို အခွန် လျှော့ပေါ့စဉ်းစားပေးဖို့၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံသားအနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးမယ် ဆိုရင်ပိုပြီးတော့ အဆင်ပြေမယ်" ဟု ၎င်းက ပြောဆိုသည်။
အိမ်ခြံမြေဈေးကွက်ကျဆင်းခြင်းမှာ အခွန်နှုန်းထားတိုးမြင့်ခြင်း၊ စီးပွားရေးကျဆင်း ခြင်းများ တစ်ပြိုင်တည်းကြုံနေခြင်းကြောင့်ဖြစ် ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ပြန်လည် ဦးမော့လာရန်မဖြစ်နိုင်သေးကြောင်း မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကပြောဆိုသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties