By Wut Yee Htun, Shweproperty.com
Updated at 3 April 2017
၂၀၁၇ခုနှစ် အတွင်းမှာ ရန်ကုန်တိုင်းရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ တက်လာဖို့မရှိသေးဘူးလို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ ဒီနှစ်ထဲမှာ အိမ်ခြံမြေဈေးနှုန်းတက်ဖို့မရှိလို့ ဝယ်လိုအားတော့ ပိုလိုက်လာမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဘယ်မြို့နယ်တွေ မှာ ရောင်းအားသွက်ပြီး ဘယ်မြို့နယ်က ရောင်းအားကျနေလဲ?
“မြို့ထဲနဲ့နီးတဲ့ အလုံမြို့နယ်တွေမှာ Royal View Point Tower နဲ့ Royal ဆင်မင်း စတဲ့ ကွန်ဒိုမီနီယံတွေက အရောင်းအဝယ်လိုက်တယ်။ အဓိကကတော့ မြို့ထဲနဲ့နီးတာရယ်၊ ကားပါကင်ပါတာကြောင့် အဝယ်လိုက်တာ ဖြစ်တယ်၊ ငှားရမ်းမှုလည်းများလာတယ်” လို့ Perfect World အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ အထွေထွေ မန်နေဂျာကိုနိုင်ကပြောပါတယ်။
၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ အိမ်ခြံမြေဈေးတွေစပြီး ကျဆင်းလာတော့ အဝယ်လိုက်လာတယ်လို့ ပြောသူက မသင်းသင်းဆွေပါ။ ဈေးနှုန်းတွေ သုံးချိုးတစ်ချိုးလောက်ချလိုက်တဲ့အပေါ်မှာ ဝယ်လိုအားလိုက်လာပေမယ့် ၊ ရွှေဈေးနဲ့ ဒေါ်လာဈေး တက်လာတဲ့ အပေါ်မှာ မြေဘက်ကို လှည့်လာကြတယ်လို့ သူထင်တဲ့အကြောင်း ပြောပါတယ်။
“မြေဘက်ကို မျှားဦးလှည့်လာကြတဲ့အချိန်မှာ မြို့တော်ဝန်က မြေဈေးတွေချမယ်လို့ တရားဝင်စာထုတ် လိုက်သလို အခွန်(၃၀) ရာခိုင်နှုန်းကို လည်း အတည်ပြုလိုက်တော့ ပြတ်လတ်စအရောင်းအဝယ်တွေပါ ရပ်တန့်သွားခဲ့ရတယ်” လို့ ရွှေဥဒေါင်းမင်းအကျိုးဆောင်လုပ်ငန်းပိုင်ရှင် မသင်းသင်းဆွေက ပြောပြခဲ့ပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ ဝယ်လိုအား ပိုမိုများနေပါတယ်။ မြို့လယ်ပိုင်းတွေဖြစ်တဲ့ ရန်ကင်းမြို့နယ်နဲ့ ရွှေတောင်ကြားဘက်တွေမှာ ဆိုရင်တော့ ဈေးကျဆင်းနေပေမယ့် ငွေကြေးချမ်းသာသူတွေ အတွက်လောက်ပဲ အဆင်ပြေတာမို့ ဝယ်သူနည်းပါး နေပါသေးတယ်။
လက်ရှိအချိန်တွေမှာ မြေဈေးတွေကျပေမယ့် မြို့ထဲနဲ့ ဝေးတဲ့နေရာဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်လိုနေရာမျိုး တွေက အရောင်းအဝယ်အေး တယ်လို့ Perfect World အိမ်ခြံမြေလုပ်ငန်းက သိရပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproeprty.com)
Photo Credit : Myanmar Business Today
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties