လေထုညစ်ညမ်းတာက ပန်းနာ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ပိုမိုဆိုးရွားစေတဲ့အပြင် ကြာရှည်ထိတွေ့ မိရင် အဆုတ်ကင်ဆာထိပါ ဖြစ်ပွားနိုင်ပါ တယ်။ အိမ်အပြင်ဘက်မှာတင် လေထု ညစ်ညမ်းနေတာမဟုတ်ဘဲ သင်အမြဲ တမ်းနေထိုင်နေတဲ့ အိမ်တွင်းမှာလည်း သတိမပြုမိတဲ့ အမှားတွေကြောင့် လေ ထုညစ်ညမ်းမှု အန္တရာယ်နဲ့ တွေ့ကြုံနေရ တတ်ပါတယ်။ အိမ်တွင်းလေထု သန့်စင် စေဖို့အတွက် ရှောင်ကြဉ်ရမှာတွေနဲ့ လုပ် ဆောင်ရမှာတွေကို ဖော်ပြပေးလိုက်ပါ တယ်။

ဆေးလိပ်ငွေ့ ကင်းစင်ပါစေ

အိမ်မှာ ဆေးလိပ်သောက်သူ ရှိနေခဲ့ရင် ဒါမှမဟုတ် သင်ကိုယ်တိုင်က ဆေးလိပ်သောက်တတ်သူဖြစ်နေရင် အိမ်တွင်းမှာ ဆေးလိပ်မသောက်မိအောင် နေပါ။ အိမ်တွင်းလေထုကို ညစ်ညမ်း စေတဲ့အပြင် အတူနေထိုင်သူ မိသားစု ကိုလည်း ဆေးလိပ်သောက်တာရဲ့ ဆိုး ကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လေထုညစ်ညမ်းမှု ကင်းပါစေ

အိမ်တွင်းက ညစ်ညမ်းတဲ့လေတွေ ထွက်သွားစေဖို့ ပြတင်းပေါက်ဖွင့်တာ၊ ပန်ကာဖွင့်တာတွေလုပ်ပြီး အိမ်ကို လေ ဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။ အိမ်အပြင်ဘက်မှာ လေထုညစ်ညမ်း မှုများတဲ့နေ့တွေမှာတော့ ပြတင်းပေါက် ကို ပိတ်ထားနိုင်ပါတယ်။

စိုထိုင်းဆ ထိန်းသိမ်းပါ

အိမ်တွင်းမှာ စိုထိုင်းဆများရင် မှို ပေါက်ပွားနိုင်တဲ့အတွက် လေထုကို ဆိုး ဆိုးရွားရွား ညစ်ညမ်းစေပါတယ်။ အိမ် တွင်းစိုထိုင်းဆကို ငါးဆယ်ရာခိုင်နှုန်း အောက်ဖြစ်အောင် ထိန်းသိမ်းထားပါ။ ရာသီဥတုပူတဲ့အချိန်မှာ လေအေးပေး စက်ကိုသုံးပါ။ လေအေးပေးစက်ကို မကြာခဏ သန့်စင်ပေးပြီး ပိုးမွှားကင်းစင် အောင်ထားပါ။

လေဝင်လေထွက် ကောင်းပါစေ

အိမ်သာနဲ့ ရေချိုးခန်းရဲ့ လေထု ထဲမှာ ဘက်တီးရီးယားတွေ အများဆုံး ရှိနေနိုင်တဲ့အတွက် လေဝင်လေထွက် ကောင်းကောင်းရစေဖို့ သတိပြုပေးပါ။ အနံ့အသက်တွေ ကင်းစင်စေဖို့ အသုံး ပြုပြီးတိုင်း ပြတင်းပေါက် ဖွင့်ထားတာ၊ ပန်ကာဖွင့်ထားတာမျိုးကို ပြုလုပ်ပေးပါ။

လေသန့်စင်ဆေးတွေ မသုံးပါနဲ့

လေသန့်စင်ဆေးတွေဟာ လေထု ကို အမှန်တကယ် သန့်စင်ပေးတာ မဟုတ်ဘဲ အနံ့အသက်ကိုသာ ဖုံးကွယ် ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေသန့် စင်ဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အလှကုန်ပစ္စည်းကို စနစ်တကျသုံးပါ

အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်ရှိစေနိုင်တဲ့ ဆံပင်ဖျန်းဆေး၊ လက်သည်းဆိုးဆေးနဲ့ လက်သည်းဖျက် ဆေးတွေဟာ အိမ်တွင်းလေထုကို ညစ် ညမ်းစေနိုင်တဲ့အတွက် လေဝင်လေထွက် ကောင်းကောင်းရတဲ့နေရာမှာ အသုံးပြု ပေးပါ။



အခြောက်လျှော်ထားတဲ့ အဝတ်ကို နေပူထုတ် လှန်းပါ

အခြောက်လျှော်ထားတဲ့ အဝတ် အထည်တွေဟာ သင့်အိမ်ရဲ့ လေထု ညစ်ညမ်းမှုကို မြင့်တက်စေနိုင်ပါတယ်။ အခြောက်လျှော်ပြီး ဆိုင်မှယူလာတဲ့ အဝတ်တွေမှာ ဓာတုဆေးဝါးအနံ့တွေ စွဲကပ်နေရင် မဝတ်ဆင်ခင် ပလတ်စတစ် အကာကို ဖယ်ရှားပြီး နေပူထုတ်လှန်း ပေးပါ။

ခြေသုတ်ခုံ ထားပါ

အပြင်က ပြန်လာတဲ့အခါ ခြေ ထောက်မှာ ပိုးမွှားတွေ၊ ဖုန်မှုန့်တွေ အ များအပြားကပ်ပါလာနိုင်ပါတယ်။ အဲဒီ အရာတွေကလည်း အိမ်တွင်းလေထုကို ညစ်ညမ်းစေတဲ့အတွက် ခြေထောက်ကို ခြေသုတ်ခုံမှာ ပြောင်စင်အောင် သုတ်ပြီး မှ အိမ်ထဲသို့ဝင်ပါ။

အဖုံးပါသော အမှိုက်ပုံးသုံးပါ

အမှိုက်တွေက မကောင်းတဲ့အနံ့ အသက်တွေထွက်တဲ့အခါ ရောဂါပိုးမွှား တွေကို ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။ အိမ်တွင်းလေထုသန့်စင်စေဖို့အတွက် အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျ ပစ်ပြီး အဖုံးဖုံးထားပါ။

အိပ်ရာခင်း မှန်မှန်လျှော်ပါ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အိပ်ခန်းလေထု သန့်ရှင်းဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ရာခင်းမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွား နိုင်တဲ့အတွက် အိပ်ရာခင်းကို တစ်ပတ် တစ်ခါ ရေနွေးနဲ့ လျှော်ဖွပ်ပေးပါ။

လိုအပ်မှ ကော်ဇော သုံးပါ

ကော်ဇောမှာ အမွေးအမှင်တွေ ရှိတဲ့အတွက် ဖုန်မှုန့်တွေ၊ ပိုးမွှားတွေ အများဆုံး ကပ်ငြိနေနိုင်ပါတယ်။ အိမ် မှာ ပန်းနာရင်ကျပ်သူ၊ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေရှိရင် ကော်ဇောအ စား အခြားသော အလှဆင်ပစ္စည်းကို အစားထိုးသုံးပေးပါ။ ကော်ဇောခင်းထား မိရင်လည်း နေ့စဉ် ဖုန်စုပ်စက်နဲ့ ပုံမှန် သန့်ရှင်းပေးပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ

ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

Credit By: Good Health Myanmar
Posted By : Ra Wai (ShweProperty.com)