By 7 Day Daily, Shweproperty.com
Updated at 11 July 2017
ထိုင်းနိုင်ငံဘန်ကောက် မြို့ရှိ စီးပွားရေးအချက်အချာကျ သည့် Sukhumvit လမ်းမပေါ်ရှိ Whizdom 101 အိမ်ရာစီမံကိန်း မှ ကွန်ဒိုတိုက်ခန်းများအရောင်း ပြပွဲကို SQFT Global Properties က ဦးစီးကာ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ဇူလိုင် ၂၂ နှင့် ၂၃ ရက်တို့၌ ကျင်းပမည်ဖြစ်သည်။
Whizdom 101 အိမ်ရာစီမံကိန်းသည် ဘိုးဘွားပိုင်မြေပေါ် တွင် တည်ဆောက်ထားသည့် ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံ ကိန်း (Integrated Project) ဖြစ် သည်။ ရောင်းချရာတွင်လည်း လက်ငင်းငွေ ၃၀ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေကို နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ပြီး ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ကြောင်းအဆိုပါပြပွဲကို စီစဉ်သည့် SQFT Global Properties မှ Head of Myanmar Office မနှင်းအိလွင်က ပြောသည်။
‘‘ဘန်ကောက် အိမ်ရာစီမံကိန်းကို ဘာဖြစ်လို့ မြန်မာနိုင်ငံကို ယူလာရလဲဆိုတော့ ဘန်ကောက်ဆိုတာ နိုင်ငံခြားပေမယ့် မြန်မာနိုင်ငံနဲ့ သွားလာရေးလည်း လွယ်ကူတယ်။ ပြည်တွင်းသွားသလိုပဲ လွယ်ကူတယ်။ လေယာဉ် ဆိုလည်း တစ်နာရီပဲစီးရတယ်။ ရန်ကုန်နဲ့ဆို တစ်နေ့ကို လေယာဉ် ၁၈ စီးနဲ့အထက် အသွားအလာ ရှိတယ်။ ဘန်ကောက်မှာအိမ်ဝယ်ထားရင် ဆေးသွားကုမလား၊ ရှော့ပင်းထွက်မလား အကုန်အဆင်ပြေတယ်’’ ဟု မနှင်းအိလွင်က ပြောသည်။
ဘန်ကောက်တွင် အိမ်ခြံမြေ ဈေးတက်နေသော်လည်း ကနဦး ပေးသွင်းရမည့် ရာခိုင်နှုန်းနည်းပါးသဖြင့် ရင်းနှီးမြှုပ်နှံသူများဝယ်ယူထားသင့်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို တရားဝင်ဝယ်ယူခွင့် ပေးထားပြီး မြေပိုင်ဆိုင်မှုမပါဝင်ကြောင်းသိရသည်။ ဝယ်ယူထားသူများသည် ပိုမိုခိုင်မာစေရန် ထိုင်းနိုင်ငံသားတစ်ဦးကို ကိုယ် စားလှယ်ပုံစံထားရှိကာ ဝယ်ယူပါက
ပိုမိုစိတ်ချရကြောင်း အိမ်ခြံ မြေအကျိုးဆောင်ဦးမျိုးနောင်က ပြောသည်။
ပြပွဲတွင် ရောင်းချမည့် Whizdom 101 အိမ်ရာစီမံကိန်း သည် ၂၀၁၈ တွင် ပြီးစီးမည်ဖြစ်ပြီး အထပ် ၄၁ ထပ်ရှိအဆင့်မြင့်အိမ် ရာစီမံကိန်းတစ်ခုဖြစ်သည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် နှစ်များကလည်း အိမ်ရာနှင့်ပတ်သက်သော နိုင်ငံတကာအဖွဲ့အစည်းအချို့က စင်ကာပူ၊ တရုတ် နိုင်ငံနှင့် ဟောင်ကောင်မြို့များမှ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းအချို့ကိုလာရောက်ရောင်းချခဲ့ဖူးသည်။
Ref : 7 Day Daily
Photo Credit : hipflat
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties