By Myanmar Builders Guide, Shweproperty.com
Updated at 9 April 2019
ရန်ကုန်တိုင်းအတွင်းတစ်နှစ်လျှင် တိုက်ခန်းပေါင်းတစ်သိန်းတည်ဆောက်ရန် လိုအပ်နေသဖြင့် တန်ဖိုးနည်းအိမ်ရာကဏ္ဍတွင် ၁၅ နှစ်နှင့်အထက်အရစ်ကျဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရကမြေထည့်ဝင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။
“ ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ရန်ကုန်မြို့ဟာ နောင်ဆယ်စုနှစ်တစ်စုမတိုင်ခင်မှာ ပြုပြင်ပြောင်းလဲအခြေအနေထဲမှာ နေရေးကိစ္စက ထိပ်ဆုံးမှာရှိတယ်။ တစ်နှစ်တစ်နှစ်ကို တိုက်ခန်းပေါင်းတစ်သိန်း မထုတ်လုပ်နိုင်ဘူးဆိုရင်နေစရာတစ်သိန်းမဖန်တီးပေးနိုင်ဘူးဆိုရင် ကျွန်တော် တို့ဟာလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေမှာ အခက်အခဲတွေကြုံလာနိုင်တယ်ဆိုတဲ့ အခြေအနေရှိနေပါတယ်” ဟုဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တိုက်ခန်းဝယ်ယူသူများကို ချေးငွေကာလ ၁၅ နှစ်အရစ်ကျစနစ်ဖြင့် တန်ဖိုးနည်းတိုက်ခန်းများ တည်ဆောက်ရင်းနှီးမြှုပ်နံှမည့် ရင်းနှီးမြှုပ်နံှသူများကသာ မြေတန်ဖိုးထည့်ဝင်စရာမလိုဘဲ အစိုးရဘက်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အစိုးရဘက်ကနေမြေထည့်ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကနေပြီးတော့ တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်ပေးမယ်ဆိုရင် မြေတန်ဖိုးထည့်စရာမလိုဘဲ ဈေးကိုသင့်တင့်တဲ့နှုန်းနဲ့ရောင်းပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့သူမျိုးရှိဖို့လိုအပ်ပါတယ်။ ရေရှည်ရင်းနှီးရင်းနှီးမြှုပ်နံှမှုမရှိဘူးဆိုရှု် ဒီအိမ်ရာကို ဝယ်ယူမယ့်သူတွေဟာ ကာလတိုအတွင်းမှာ ပြန်ပေးဆပ်ရမယ်ဆိုရင် လစဉ်ပေးရမယ့်အခန်းဖိုး အင်မတန်ကြီးပါတယ်။ ဒါကြောင့်မို့ ၁၅ နှစ်နှင့်အထက်လောက်အချိန်ပေးနိုင်မယ်ဆိုရင်ဒီကာလကိုလာရင်းနှီးမြှုပ်နံှနိုင်တယ်ဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ် နှံသူတွေဖိတ်ခေါ်လိုပါတယ်။
ပြည်တွင်းလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုတွေရမယ်ဆိုရင် နေစရာမရှိတဲ့ ပြည်သူတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
“အရေးပေါ်အခြေအနေအရ လက်ရှိကျူးကျော်နေထိုင်သူတွေကို ဖြေရှင်းနိုင်အောင်ကြိုးစားစနေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့လည်းညှိနှိုင်းနေပါတယ်။ ကျွန်တော်တို့ဘက်ကမြေထည့်ပေးနိင်ပြီး လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ ချေးငွေစနစ်တစ်ခုနဲ့ Micro Finance လိုပုံစံမျိုးနဲ့ အိမ်တည်ဆောက်ပြီးတော့ လောလောဆယ်နေရေးကိုအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့အတွက်ကြိုးစားနေပါတယ်”ဟုဝန်ကြိးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲကမှရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းအခန်းများကို ဝယ်ယူရန်အတွက် ကနဦးပေးသွင်းငွေ (Down Payment) ကိုယခင်က ရာခိုင်နှုန်း ၃၀ ပေးသွင်းရန်သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ကနဦးပေးသွင်းငွေအားရာခိုင်နှုန်း ၂၀ သာပေးသွင်းပြီး ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် ဝယ်ယူနိုင်ရန် ဗဟိုဘဏ်ကဖြေလျှော့ပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ရာစီမံကိန်းများ ရောင်းချကြီးကြပ်ရေးကော်မတီမှ ပြည်သူ့အိမ်ရာတိုက်ခန်းများရောင်းချနိုင်ရေးအတွက် မိသားစုဝင်ငွေငါးသိန်းနှင့်အောက်ကို ပထမအုပ်စုအဖြစ်လည်းကောင်း၊ မိသားစုဝင်ငွေငါးသိန်းအထက်ကို ဒုတိယအုပ်စုအဖြစ်လည်းကောင်း၊ အုပ်စုနှစ် စုခွဲပြီး ယင်းအုပ်စုနှစ်စုကိုအများပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းဟူ၍ ရည်မှန်းအုပ်စုလေးစု ထပ်မံခွဲခြားခဲ့ပြီးလျှောက်ထားလာသူ ၆၀၂၇ဦးအနက် ပထမအသုတ်အဖြစ် ၇၂၂ ဥိးကိုရောင်းချခဲ့ရာ စုစုပေါင်းလျှောက်ထားသူ ၄၈၆ ဦးမှ ဆက်သွယ်ဝယ်ယူခဲ့ကြောင်း၊ ၎င်းတို့အ နက်ငွေအကြေပေးသွင်းသူ ၄၂ ဦးနှင့် အိမ်ပေါင်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုကြောင်း ဆန္ဒပြုသူ ၄၄၅ ဦးရှိခဲ့ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties