By The Trade Times, Shweproperty.com
Updated at 10 July 2015
မြန်မာနိုင်ငံတွင်လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ The TradeTimesဂျာနယ်မှအကြီးတန်းသတင်းထောက်ဇေယျာလင်းက မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌဦးသန်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။ စီးပွားရေး နယ်ပယ်မှာ Business Information တွေကို ကြိုတင် ရထားတဲ့ သူတွေက စီမံကိန်းမြေနေရာ တွေကို ကြိုဝယ်ထားကြတာနဲ့ ပတ် သက်ပြီး ဆရာ့အမြင်ကို သိချင်ပါ တယ်။ အားမနာတမ်းပြောရရင် စီးပွား ရေးနယ်ပယ်မှာ အဲဒီလို အိမ်ရာစီမံ ကိန်းတွေက ခွင်ရိုက်တာတွေများ တယ်။ တကယ်တမ်း ပြည်သူတွေအတွက်အထောက်အကူ ပြုလားလို့ ပြန်ကြည့်ရင် အထိုက်အလျောက်ပဲ ရှိတယ်။ စီးပွားရေးအကျိုးအမြတ်ကို ကြည့်တဲ့ ခေတ်ကြီးမှာ Business Information က အင်မတန်အရေး ကြီးတယ်။ စီးပွားရေးအခွင့်အလမ်း သတင်းကြိုရဖို့က လိုလာတယ်။ သိသာတဲ့ အချက်ကတော့ ကြည့်မြင် တိုင် တစ်ဖက်ကမ်းက မြေတွေကိစ္စ က နှစ်နဲ့ချီပြီး စီးပွားရေးသမားတွေ က ကြိုရထားတယ်။ တရားဝင်ပြော တာက မနှစ်က သြဂုတ်လကမှ ဖြစ် ပေမယ့် မြေတွေကို ကြိုဝယ်ထား ကြတာက နှစ်နှစ်လောက်စောနေ တယ်။ ဒီသတင်းတွေ ဘယ်ကကြို ထွက်လာသလဲဆိုတော့ မင်းကြီး တာကပဲ ထွက်တယ်လို့ပြောပါရစေ။ ကန့်သတ်၊ အတွင်းရေးတွေ၊ ထိပ် တန်းလျှို့ဝှက်တွေ ရလို့သာ မြေတွေ ကို ကြိုဝယ်နိုင်တာဖြစ်တယ်။ တကယ်လို့အစိုးရကသာ မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် တော့မယ်ဆိုရင် လက်ရှိမြေပိုင်ရှင်နဲ့ ဘယ်လိုဖြေရှင်းရမယ်လို့ ထင်ပါ သလဲ။ ဒီဖော်ထုတ်မယ့် နေရာတွေမှာ တော်တော်များများ လယ်မြေတွေကို ဝယ်ရောင်းတွေက ဝယ်ထားပြီးသား လို့ သိရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက ကြည့်မြင်တိုင် တစ်ဖက်ကမ်းက လယ်မြေတွေဝယ် ဖို့အတွက် ငွေတွေ အိတ်လိုက်တင် လာတဲ့ ကားကြီးတစ်စင်း ထိုးပြီး လိုက်ဝယ်ကြတယ်လို့ သတင်းတွေ ကြားထားတာရှိတယ်။ တရုတ်တွေ ဝယ်တယ်လို့ ပြောကြပေမယ့် တကယ် မြေတွေကိုဝယ်တာက ဗိုလ်မှူးဟောင်း တစ်ယောက်ကဝယ်သွားတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ပြဿနာက မြို့သစ်တွေ အကွက်ချ ရိုက်မယ်ဆိုရင် မူလပိုင်ရှင်တွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ကာလ ပေါက်ဈေးနဲ့ ပြန်ဝယ်ပေးမှာလား၊ ရှိပြီးသား လူတွေကိုပဲ ပိုင်ဆိုင်ခွင့် ပေးမှလား။ ဘယ်လို တန်ဖိုးဖြတ်ပြီး လျော်ပေးမှာလဲဆိုတဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဇွန်လ က မင်္ဂလာဒုံစက်မှုဇုန် ပြဿနာက သာဓကဖြစ်တယ်။ အခုခေတ်မှာ ဘာဖြစ်လာသလဲဆိုတော့ သူဌေး တွေကလူမိုက်တွေငှားပြီး ပြဿနာ တွေကို ဖြေရှင်းတဲ့နည်းတွေပါ ပါလာ တယ်။ တကယ်သာ ဒီမြို့သစ်တွေ အကောင်အထည်ဖော်ရင်ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြေကွက်တွေ ကိစ္စဟာ ကြီးမားတဲ့ ထိပ်တိုက်ရင် ဆိုင်မှုတွေ ဖြစ်လာနိုင်မယ်။ ဇွန်လဆန်းမှာ ဒေါ်လာဈေး အတက်ကြမ်းတဲ့ကိစ္စက အိမ်ခြံမြေ ဈေးကွက်အပေါ်မှာ ဘယ်လိုရိုက်ခတ် မှု ရှိနိုင်ပါသလဲ။ ဒေါ်လာဈေးတက်တာ အိမ်ခြံ မြေဈေးကွက်ကို သက်ရောက်မှု မရှိ ပေမယ့် ဒေါ်လာ အတက်ကြမ်းလာ တာနဲ့အမျှ အိမ်ခြံမြေဈေးကွက်ကိုပါ တိုက်ရိုက် အကျိုးသက်ရောက်မှု တော့ ရှိလာတယ်။ ဇွန်လလယ် လောက်ကစပြီး ဝယ်သူတွေက အိမ် ခြံမြေဝယ်ဖို့ ပြန်မေးလာသလို သိန်း ထောင်ဂဏန်း အကွက်တွေတင် မကဘူး။ သိန်းသောင်းနဲ့ ချီတဲ့ အကွက် နှစ်ကွက်၊ သုံးကွက် လောက် အထိလည်း အရောင်းအဝယ်ဖြစ် လာတာ တွေ့ရတယ်။ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းက ပါမစ်မြေကွက်တွေ လည်း ပြန်လှုပ်လာတာ တွေ့ရတယ်။ ထပ်ပြီးထူးခြားတာက ဇွန်လလယ် လောက်မှာစီမံကိန်းသတင်းတွေ တောက်လျှောက် ထွက်လာတာ တွေ့ ရတယ်။ ဇွန်လတစ်လတည်းမှာတင် ဒေါ်လာဈေးတက်တယ်။ ရွှေဈေး တက်ပြီး ငွေကြေးဖောင်းပွလာပြီး မြို့ပြင်မြေကွက်တွေအပြင် မြို့တွင်း ခြောက်မြို့နယ်ထဲက ဂရန်ကွက် တွေ၊ဘိုးဘွားပိုင်မြေကွက်တွေပါ ဈေးက မြောက်လာပြီး အရောင်း အဝယ်ဖြစ်လာသလို စက်မှုဇုန်မြေ ကွက်လေးတွေလည်း အလုပ်ပြန်ဖြစ် လာတယ်။ ဒလတံတားစီမံကိန်းနဲ့ မြို့သစ် စီမံကိန်းခုနစ်ခုကြောင့် ဈေးကွက် အပေါ်မှာ ဘယ်လို အကျိုးသက် ရောက်ရှိမလဲ။ ဒလတံတားအတွက် ကိုရီးယား ပိုက်ဆံနဲ့ တံတားထိုးတော့မယ်လို့ သတင်းလည်း ထွက်လာရော ဒလ မြေတွေကဒုတိယအကြိမ်မြောက် ဈေးက ပြန်မြောက်သွားတယ်။ အရောင်းအဝယ်တွေလည်း ဖြစ်ကြ တယ်။ သိန်း ၃ဝဝ၊ ၄ဝဝ၊ ၅ဝဝ တန် မြေကွက်တွေ လယ်မြေတွေအပြင် သိန်း ၃,ဝဝဝ လောက်အထိ မြေတွေ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း ပြန် လှုပ်လာတယ်။ ဒလတံတားကိစ္စ ကြောင့်လှုပ်လာတဲ့အိမ်ခြံမြေ ဈေးကွက်ကို တစ်ပတ်လောက် အကြာမှာ မဟာရန်ကုန်မြို့ပြစီမံ ကိန်း ဖွံ့ဖြိုးရေးစီမံချက်မှာပါတဲ့ မြို့ သစ်ခုနစ်ခုမှာပါတဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း သတင်းပါထွက်လာတယ်။ ဒီတော့ ဒလရော မြို့သစ်စီမံကိန်း ဧက ၃ဝ,ဝဝဝ ထဲက မြေတွေရော ဈေးက ဒုတိယအကြိမ် ပြန်မြောက်လာ တယ်။ လယ်မြေတွေပါ အရောင်း အဝယ်ဖြစ်ကြလို့ သိန်းရာဂဏန်း ရှိတဲ့ လယ်မြေတွေတောင် အခု တော်တော်ရှားသွားပြီ။ဒလဘက်မှာဂရန်မြေတင်မကဘူး။ ပါမစ်မြေတွေ ပါ အရောင်းအဝယ်ဖြစ်လာတယ်။ အိမ်ခြံမြေဈေး ပြန်လှုပ်လာတယ် ဆိုပေမယ့် ကွန်ဒိုတွေက အရောင်း အဝယ်အေးနေတာ ဘာကြောင့်ပါလဲ။ ကွန်ဒိုဈေးကွက် အေးရတဲ့ အကြောင်းရင်း မြောက်မြားစွာ ရှိ နေတဲ့အထဲမှာ ဇွန်လမတိုင်ခင်က တည်းက ရန်ကုန်အရှေ့ပိုင်းနဲ့ မြောက် ပိုင်းတွေမှာ ကန်ထရိုက်တိုက် အလုံး ရေ ၁,၈၂၅ လုံးက စည်ပင်ဥပဒေနဲ့ ငြိစွန်းပြီး ပြဿနာတွေ ဖြစ်ကြ တယ်။ ကြိုပွိုင့်တွေပါ အကုန်ရပ် ဆိုင်းသွားတယ်။ နောက်တစ်ချက် က Fatherland လို အဓိက ကုမ္ပဏီ ကြီးတစ်ခုက ပြိုလဲသွားတော့ ကြို ပွိုင့်နဲ့ ပတ်သက်ပြီး ပြဿနာတက်ပြီး အမှုအခင်းတွေ အများကြီးဖြစ်လာ တယ်။ Condo Law ဥပဒေထွက်လာ ရင်ကွန်ဒိုတွေ၊တိုက်ခန်းတွေ ပြန်အရောင်းသွက်လာနိုင် တယ်။ တပ်မတော်ပိုင်မြေမှာ လုပ်နေတဲ့ ဒဂုံစီးတီး စီမံကိန်းသတင်းနဲ့ ပတ်သက် ပြီး ဘယ်လိုထင်မြင်မိပါသလဲ။ ဂုံစီးတီး ပြဿနာကလည်း တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ၊ ဘာသာသာသနာနဲ့ပတ်သက်တဲ့ကိစ္စတွေ ပေါ်လာသလို ရွှေတိဂုံ ဘုရားဆိုတာကလည်း မြန်မာနိုင်ငံ ကို ကမ္ဘာက သိစေတဲ့ နေရာတစ်ခု ဖြစ်လို့ စိုးရိမ်မှုတွေကလည်း နေရာ အနှံ့ကနေထွက်ပေါ်လာတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေက တစ်ဖက်၊ ပြည်သူ ကတစ်ဖက် ပြဿနာ ဖြစ်လာတယ်။ ကြိုပွိုင့်နဲ့ ဝယ်တဲ့အခန်းတွေဖြစ်ပြီး တရုတ်ပိုက်ဆံတွေနဲ့ အများအပြား ဝယ်ထားတာဖြစ်လို့ စိုးရိမ်သောက တွေလည်း အများအပြား ပေါ်ထွက် လာတယ်။ မြို့သစ်တွေကို အစိုးရအစဉ် အဆက် ဖော်ထုတ်ခဲ့ပေမယ့် တချို့ နေရာတွေဆို နှစ်ပေါင်း ၂ဝ ကျော်တဲ့ အထိ လူနေထိုင်ဖို့အတွက် အခက် အခဲရှိတာ ဘာကြောင့်လို့ ထင်ပါ သလဲ။ လူဦးရေများလာပြီး အိမ်ရာလိုအပ်ချက်တွေအတွက် ရေရှည် စီမံချက်တွေ ဆွဲပြီး လုပ်တယ် ဆိုပေမယ့် ဆေးမြီးတိုနဲ့ ကုတဲ့အနေ အထားလောက်ပဲ ရှိတယ်။ အမှန် တကယ်လုပ်ဆောင်တာထက်စာရွက်ပေါ်မှာပဲ တွေ့နေရတာများတယ်။ နောက်အိမ်ခြံမြေကိစ္စကိုလုပ်ပြီဆိုရင်လည်း ကောက်ရိုးမီး လိုပဲ ဝုန်းဒိုင်းလုပ်လိုက်ကြတယ်။ အစပိုင်းမှာတော့ အရှိန်ကောင်း နဲ့ လုပ်ပေမယ့် အပြီးသတ်ကြတော့ မကောင်းကြဘူး။ ဥပမာ ဒဂုံဆိပ် ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့မှာ မြေကွက်လပ်တွေ အများကြီး ရှိနေ သေးတယ်။ အိမ်ရာအခန်းကဏ္ဍကိုအကောင်အထည်ဖော်မယ်ဆိုတဲ့ ကြွေးကြော်သံဟာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတစ်ခုကို နှစ်သိမ့်လိုက်တဲ့ပုံစံမျိုး၊ဝါဒဖြန့်ချိတဲ့လက်နက်တစ်ခုလိုမျိုး တွေ့နေရ တာများတယ်။ နိုင်ငံရေးဘက်က ကြည့်တဲ့အမြင်ပါ။ Ref : The Trade Times Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties