By Denise Saint ( Shwe Property ), Shweproperty.com
Updated at 21 November 2017
ယေဘုယျအားဖြင့်ပြပွဲဆိုသည်မှာ လုပ်ငန်းရှင်များမှ လူထုထံသို့ အရည်အသွေးပြည့်မှီတဲ့ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
အခုဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ အိမ်ရာ အရောင်းပြပွဲတွေအကြောင်းပါ။အခြေခံအားဖြင့် ပြောရမည်ဆိုလျှင် လူအများစုက အိမ်ရာတွေကို အကျိုးဆောင်တွေမှတစ်ဆင့် လေ့လာဝယ်ယူလေ့ရှိကြပါတယ်။ ယနေ့ခေတ်မှာ အိမ်ခြံမြေ website များကနေလည်းတစ်ဆင့်လည်း လေ့လာဝယ်ယူနိုင်သလို လုပ်ငန်းရှင်ကြီးများကလည်း အိမ်ရာအရောင်းပြပွဲများတွင် ပါဝင်၍ အိမ်ရာများကို ရောင်းချပေးလာကြပြီ ဖြစ်ပါတယ်။
ထိုအိမ်ရာအရောင်းပြပွဲတွေကို တတ်ရောက်လေ့လာခြင်းအားဖြင့် မိမိစိတ်ကူးအိပ်မက်အတိုင်း အိမ်ရာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပြပွဲကျင်းပစဉ်ကာလအတွင်းမှာဆိုလျှင်လည်း ပရိုမိုးရှင်းအစီအစဉ်များ အရစ်ကျစနစ်များလဲ ပါဝင်လာနိုင်တာကြောင့် တက်ရောက်ကြည့်ရှုသူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်ပါတယ်။
ဒါ့အပြင် ရောင်းချသူ ဝယ်ယူသူ နှစ်ဦးနှစ်ဖက် ငွေပေးချေမှုဆိုင်ရာများကိုလည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ မျက်နှာချင်းဆိုင် ညှိနှိုင်းမှုများပြုလုပ်နိင်ခြင်း စတဲ့အားသာချက်များရှိပါတယ်။
အဆိုပါ အိမ်ရာအရောင်းပြပွဲများမှာ မြို့နယ်ပေါင်းစုံမှ အိမ်ရာစီမံကိန်းများ ပါဝင်တာဖြစ်တာကြောင့် ပြပွဲတက်ရောက်သူများအနေဖြင့် မြို့နယ်ပေါင်းစုံမှအိမ်ရာအမျိုးအစားအစုံအလင်ကို တစ်နေရာတည်းမှာ မိမိရဲ့စိတ်ကြိုက်လေ့လာဝယ်ယူနိုင်ပါတယ်။ အခုလိုပြပွဲများတွင် ကြိုပွိုင့်စီမံကိန်းများလဲပါဝင်လာနိုင်တာကြောင့် မိမိစိတ်ကြိုက် အိမ်ခန်းဒီဇိုင်းပုံစံများ ဖန်တီးလိုတဲ့ ဝယ်ယူသူများအတွက်လဲ ကြိုပွိုင့်စီမံကိန်းများကိုလည်း တစ်နေရာတည်းမှာ လေ့လာရွေးချယ်ဝယ်ယူနိုင်တယ်။
အိမ်ရာအရောင်းပြပွဲအမျိုးအစားတွေကလဲ အများကြီးကွဲပြားပါမှုရှိပါတယ်။ ဥပမာ- Home Loan Expo ကဲ့သို့ ပွဲများကို တက်ရောက်ခြင်းအားဖြင့် အရစ်ကျငွေပေးချေမှုစနစ်အမျိုးမျိုးဖြင့် ကြိုက်နှစ်သက်ရာအိမ်ရာများကို ဝယ်ယူနိုင်တယ်။ Affordable Housing Expo ကဲ့သို့ ပွဲများကို တက်ရောက်ခြင်းအားဖြင့်လည်း မိမိရဲ့လစာဝင်ငွေနှင့် ကိုက်ညီတဲ့ အိမ်ရာအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အိမ်ရာအရောင်းပြပွဲအမျိုးအစားများကတော့ ဦးဆောင်ကျင်းပသူရဲ့စိတ်ကူးစိတ်သန်းအလိုက် အမျိုးအစားများကွဲပြားနိုင်ပါသေးတယ်။
အချုပ်အားဖြင့်ဆိုရသော် အခုလို အိမ်ရာအရောင်းပြပွဲများကို တက်ရောက်ခြင်း ပါဝင်ခြင်းအားဖြင့် နေရာတစ်ခုတည်းမှာပင် မိမိလိုအပ်ချက်များနှင့်ကိုက်ညီတဲ့ အိမ်ရာအမျိုးအစားများကို အားသာချက်များစွာ အခွင့်အရေးပေါင်းများစွာဖြင့် အလွယ်တကူ လေ့လာရွေးချယ် ဝယ်ယူနိုင်ပါတယ်။
ဒါကြောင့် အိမ်ရာဝယ်ယူလိုသော စာဖတ်သူများအနေဖြင့်လည်း ယခုလိုအိမ်ရာအရောင်းပြပွဲများကို လက်လွတ်မခံပဲ တက်ရောက်လေ့လာသင့်ပါတယ် ဆိုတဲ့အကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။
Written by : Saint Sandi Htet ( Shwe Property )
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties