သင့်က အိမ်ခန်း Hall Type ပိုင်ဆိုင်ထားသူလား? ဒါမှမဟုတ် သင့်အိမ်မှာ အခန်းပိုမရှိလို့ စိတ်ညစ်နေသလား?
 
အခန်းတစ်ခန်းကနေ နှစ်ခန်း ပိုင်းဖို့အတွက် ဘိလပ်မြေတွေ၊အုတ်တွေ ဝယ်ပြီး နံရံကာစရာမလိုပါဘူး။ ဒီနေ့မှာတော့ အိမ်ခန်းကို အလှဆင်ရင်းနဲ့ အိမ်ခန်းတစ်ခန်းကနေ နှစ်ခန်းဖန်တီးနိုင်မယ့် Idea လေးတွေကို ဖော်ပြပေးချင်ပါတယ်။
 
(၁) ပစ္စည်းအလှတင်နိုင်မယ့် သစ်သားစင်
 
Hall Type အိမ်ခန်းတွေအတွက် သစ်သားစင်တွေက နံရံပုံစံ အခန်းတစ်ခန်းကနေ နှစ်ခန်းပိုင်းခြားလို့ရမယ့် အိမ်အလှဆင်တဲ့ ပရိဘောဂတွေဖြစ်ပါတယ်။အလှပန်းအိုး၊အပင်လေးတွေ၊ အရုပ်တွေကို အလှတင်လို့ရသလို အခန်းနှစ်ခန်းကို နံရံအဖြစ်လည်း ကာရံပေးထားနိုင်ပါတယ်။
 
(၂) ခန်းဆီး၊လိုက်ကာ
 
ခန်းဆီးတွေ၊လိုက်ကာတွေကို နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး အခန်းကို ပိုင်းခြားလို့ရပါတယ်။အရင်ဆုံး ပိုက်လုံး ဒါမှမဟုတ် လိုက်ကာရဲ့ ဆံမြိတ်တပ်လို့ရမယ့် သစ်သားတန်းတစ်ခုခုကို မျက်နှာကြတ်မှာ တပ်ဆင်ပါ။အခန်းနဲ့ လိုက်ဖက်မယ့် လိုက်ကာအရောင်ကို ရွေးချယ်ပြီး တပ်ဆင်လိုက်မယ်ဆိုရင် အခန်းတစ်ခန်း ပိုထွက်လာပြီပေါ့။
 
(၃) စာအုပ်စင်
 
သင်က စာအုပ်တွေကို ချစ်တတ်သူလား? စာဖတ်ရတာ သဘောကျသူလား? ဒါဆိုရင်တော့
ပထမဆုံးဖော်ပြခဲ့တဲ့ သစ်သားစင်လိုပဲ သင့်ရဲ့ စာအုပ်တွေအတွက် စာအုပ်စင်တစ်ခု ဖန်တီးပြီး အခန်းတစ်ခန်းကနေ  နှစ်ခန်းအဖြစ် ဖန်တီးနိုင်ပါပြီ။စာအုပ်စင်ကြီးကြီးဖြစ်ဖို့တော့လိုမယ်နော်!
 

 
(၄) အဝတ်ဗီဒို ဒါမှမဟုတ် အဝတ်တင်တဲ့စင်
 
အခန်းဖွဲ့မပါတဲ့ တိုက်ခန်းမှာ သင့်ရဲ့ များပြားလှတဲ့ အဝတ်တွေကို သိမ်းဆည်းဖို့ အဝတ်ဗီဒို လိုအပ်မှာ အသေအချာပါပဲ။အကယ်၍ သင်က အိပ်ခန်းဖွဲ့မယ်လို့ စီစဉ်ထားရင် ကုတင်ဘေးမှာ အဝတ်ဗီဒို ထားလိုက်တဲ့အခါ အခန်းကန့်ပြီးသားဖြစ်သွားပါပြီ။
 
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေတင် မကဘဲ သင့်ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ သင့်စိတ်ကြိုက်အခန်းတွေကို ဖန်တီးနိုင်ပါတယ်။
 
 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား

အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း

အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း

နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း

 
Posted By: Ra Wai (ShweProperty.com)