By Sint Sint, Shweproperty.com
Updated at 15 January 2021
တနင်္ဂနွေနေ့ အိမ်ဆောက်လျှင်ဆင်းရဲမည်။ တနင်္လာနေ့ အိမ်ဆောက်လျှင် ဥစ္စာစီးပွားတတ်မည်။ အင်္ဂါနေ့ အိမ်ဆောက်လျှင် အရာရာအောင်မြင်မည်။ ဗုဒ္ဓဟူးနေ့အိမ်ဆောက်လျှင် သောကများပြီး စီးပွားရေး မတည်မငြိမ်ဖြစ်မည်။ ကြာသပတေးနေ့ အိမ်ဆောက်လျှင် စီးပွားရေးတိုးတတ်ပြီး အရာရာအဆင်ပြေမည်။ သောကြာနေ့ အိမ်ဆောက်လျှင် အိမ်တွင်း ပူပင်သောကများမည်။ဥစ္စာဓနတိုးပွားမည်။ စနေနေ့ အိမ်ဆောက်လျှင် အချင်းချင်း စကားငြင်းခုံရတတ်သည်။အဆင်မပြေမှုများ ပူပင်သောကများ အလိုလိုဝင်လာတတ်သည်။ ပန္နက်ရိုက်မင်္ဂလာ တနင်္ဂနွေနေ့တွင် ကြာသပတေးသား ကြိုးရင်းကိုင်ပြီး သောကြာသားမှ ကြိုင်းဖျားကိုင်လျှက် ထိန်သားဒန်းသားဖြင့် စနေသားမှပန္နက်ရိုက်ပါ ။ တနင်္လာနေ့တွင် သောကြာသားမှ ကြိုးရင်းကိုင်ပြီး စနေသားမှ ကြိုးဖျားကိုင်လျှက် အုန်းသားအင်သားဖြင့် တနင်္ဂနွေသားမှ ပန္နက်ရိုက်ပါ။ အင်္ဂါနေ့တွင် စနေသားမှ ကြိုးရင်းကိုင်ပြီး တနင်္ဂနွေသားမှ ကြိုးဖျားကိုင်လျက် ကံ့ကော်သားဖြင့် တနင်္လာသားမှပန္နက်ရိုက်ပါ။ ဗုဒ္ဓဟူးနေ့တွင် တနင်္ဂနွေသားမှ ကြိုးရင်းကိုင်ပြီး တနင်္လာသားမှ ကြိုးအဖျားကိုင်လျှက် ဇီးသားနှင့် အင်္ဂါသားမှ ပန္နက်ရိုက်ပါ။ ကြာသပတေးနေ့ တနင်္လာသားမှ ကြိုးရင်းကိုင်ပြီး အင်္ဂါသားမှ ကြိုးဖျားကိုင်လျှက် ဝါးသားဖြင့်ဗုဒ္ဓဟူးသားမှ ပန္နက်ရိုက်ပါ။ သောကြာနေ့တွင် အင်္ဂါသားမှ ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားမှ ကြိုးဖျားကိုင်လျှက် ပေါက်သားဖြင့် ကြာသပတေးသားမှ ပန္နက်ရိုက်ပါ ။ စနေနေ့တွင် ဗုဒ္ဓဟူးသားမှ ကြိုးရင်းကိုင်လျှက် ကြာသပတေးသားမှ ကြိုးရင်းကိုင်ပြီး သရက်သားဖြင့် သောကြာသားမှ ပန္နက်ရိုက်ပါ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ စီးပွားတက်မည့် အိမ်ဆောက်နည်း ဗေဒင်ကျမ်းအရ အိမ်ဆောက်ရက် ၊အိမ်ဆောက်လ ရွေးနည်း လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာနေရင် ဘာဖြစ်တက်လဲ အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ Credit : Latestmyanmarnews Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties