By Le' Moe, Shweproperty.com
Updated at 11 September 2015
ရွှေလင်ပန်းစက်မှုဇုန် လုပ်သားအိမ်ရာ စီမံကိန်းက တိုက်ခန်းတွေဝယ်ယူဖို့ အောက်တိုဘာမှာ စက်မှုဇုန်ပိုင်ရှင်တွေ လာရောက်လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
"စက်မှုဇုန်လုပ်သားတွေကို ငှားဖို့စက်မှုဇုန်ပိုင်ရှင်တွေက ဝယ်ရမှာပါ၊ ရွှေလင်ပန်း၊ လှိုင်သာယာစက်မှုဇုန်က လုပ်သားတွေကို နေထိုင်ဖို့ အဆင်ပြေအောင်လုပ်တာ"လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲသည်အိမ်ရာစီမံကိန်းမှာ အခန်းပေါင်း (၆၀) ပါတဲ့ (၅)ထပ် အဆောက်အအုံ (၄) လုံး အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ နောက်ထပ် (၁၄) လုံးထပ်ဆောက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
"အခုဆောက်နေတဲ့ (၄) လုံးကလဲ ပြီးတော့မယ်၊ ရာခိုင်နှုန်းတော်တော် တက်နေပြီ၊ မြေကတော့ အိုးအိမ်က နှစ် ၂၀၊၃၀ လောက် ငှားပေးတာ"လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။
အိမ်ရာအခန်းတွေ ဝယ်ယူခွင့်မဲပေါက်တဲ့ လုပ်ငန်းရှင်တွေဟာ တခြားလုပ်ငန်းရှင်ကို ပြန်လည်ရောင်းချခွင့် မရှိဘူးလို့ သိရပါတယ်။ ဝယ်ယူခွင့်ရတဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ အလုပ်သမားတွေကိုပဲ အငှားစနစ်နဲ့ နေထိုင်နိုင်ဖို့ စီစဉ်ပေးရမယ်လို့ သိရပါတယ်။
Ref : Le' Moe
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties