By Duwun, Shweproperty.com
Updated at 27 August 2018
အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကိုရွှေ့ပြောင်းလာကာ ပျံကျလုပ်ကိုင်ပြီး ကျူးကျော်နေရသူတွေ၊ လစာငွေအခက်အခဲကြောင့် အိမ်ဌားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေအတွက် နှစ်ရှည်ချေးငွေနဲ့ တိုက်ခန်းတွေ ရောင်းချပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒုတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်က ရန်ကုန်ကိုပြောင်းရွှေ့လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်အိမ်ရာတွေကို ရောင်းချပေးနိုင်ဖို့ လာမယ့်အစိုးရသက်တမ်းအတွင်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
“ လာမယ့်နှစ်တွေအတွင်းမှာ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းမှာပါ။အိမ်ရာစနစ်မရှိလို့ ကျူးကျော်မှာနေထိုင်နေရတဲ့ ကျူးကျော်ကတ်ပြားထုတ်ယူထားတာ ၁ သိန်းခွဲလောက်ရှိပါတယ်။လူဦးရေ အရ ၄သိန်းခန့်ရှိပါတယ်။ ဒီလိုနေထိုင်သူတွေကို စနစ်တကျနေရာပြန်လည်ချထားပေးနိုင်ဖို့ ကြိုးပမ်းမှာပါ”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
တိုင်းအတွင်းအသစ်ဖော်ထုတ်မယ့် ဇုန်တွေမှာ စက်ရုံ၊အလုပ်ရုံတွေအပြင် အလုပ်သမားတွေအတွက် တိုက်ခန်းအိမ်ရာတွေကိုပါ ထည့်သွင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိတော့ တိုင်းအစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်းနေထိုင်ပြီး သန်းခေါင်စာရင်းရှိပေမယ့် အိမ်ပိုင်မရှိတဲ့သူတွေကို တန်ဖိုးနည်းတန်ဖိုးသင့် တိုက်ခန်းအိမ်ရာတွေကို ယခုနှစ် အတွင်း ရောင်းချပေးခဲ့ပါတယ်။
Ref & Photo Credit : Duwun
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties