By Shwe Kyaw, Shweproperty.com
Updated at 21 April 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရန် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ ကို ကမ္ဘာ့က အတည်ပြုလိုက်ကြောင်း ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ ရှစ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံတို့တွင် အထူးကြပ်မတ်စောင့်ရှောက်မှုဌာနများကို အဆင့်မြှင့်တင်ခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်နှင့် ရပ်ရွာလူထုအသိပေးခြင်း လုပ်ငန်းများကို အဆိုပါချေးငွေဖြင့် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း ကမ္ဘာ့ဘဏ်က ထုန်ပြန်ခဲ့သည်။
ယင်းစီမံကိန်းသည် အပိုင်းလိုက်ခွဲခြားဆောင်ရွက်သွားမည်ဖြစ်သော်လည်း အရေးပေါ်အလိုအပ်ဆုံး ဖြစ်သည့် လူဦးရေထူထပ်သော ဒေသများ ၊ ခရီးသွားလာသူများသည့်ဒေသနှင့် ရွှေ့ပြောင်းလုပ်သား များပြားသည့် ဒေသများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties