By The Modern, Shweproperty.com
Updated at 29 February 2016
လက်ရှိအတည်ပြုလိုက်တဲ့ ကွန်ဒိုမီဒိုယံဥပဒေ ၊ ရန်ကုန်မြို့တွင်းမြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေနဲ့ အိမ်ရာချေးငွေ စနစ်ဖော်ဆောင် မှုတွေကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ ယခုနှစ်မှာ ကောင်းမွန်လာနိုင်တယ်လို့ ဈေးကွက်လေ့လာသူတချို့ထံက သိရပါတယ်။
‘လက်ရှိဈေးကွက်က လွန်ခဲ့တဲ့နှစ်နှစ် ၊ သုံးနှစ်လောက်က ဆောက်တဲ့အိမ်ရာတွေရှိမယ် ၊ နောက်ထပ်အိမ်ရာတွေကလဲ ပြီးစီးဖို့ရှိတော့ အဆင့်မြင့်ဈေးကွက်ကကောင်းနိုင်မယ် ၊ တန်ဖိုုးနည်းအိမ်ရာတွေကလဲ နောင်တက်မယ့်အစိုးရက ဖော်ဆောင်ဖို့ရှိတော့ ဈေးကွက်အကုန် ပိုကောင်းလာ နိုင်မယ်’လို့ Frontier Myanmar Research က ဒါရိုက်တာ Mr.Michael Guarino ကပြောပါတယ်။
လက်ရှိဈေးကွက်အတွင်း လူစိတ်ဝင်စားမှုများနေတဲ့ အိမ်ရာအမျိုးအစားတွေကတော့ တိုက်ခန်းတွေနဲ့ အလယ်အလတ်တန်းစား ကွန်ဒိုတွေ ပဲဖြစ်ပါတယ် ။ မြို့နယ်တွေအနေနဲ့ကတော့ ဗဟန်း ၊ စမ်းချောင်း နဲ့ ရန်ကင်း မြို့နယ်စတာတွေ စိတ်ဝင်စားမှုများပါတယ်။ မြို့လယ်ကောင် လူစိတ်ဝင်စားမှုများတာတွေကတော့ ရုံးခန်းအတွက် များပြီး ဆိုင်ခန်းဖွင့်လှစ်လိုသူစိတ်ဝင်စားမှုတွေလည်းများတယ်လို့သိရပါတယ်။
အိမ်ခြံမြေတိုးတက်လာမှုအတွက် လိုအပ်တဲ့မြို့ပြဖွံ့ဖြိုးမှုတွအနေနဲ့ကလည်း လက်ရှိမှာ ရေပေးဝေမှုလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမြို့တွင်းလမ်းပိုင်း အခြေအနေမှာ လမ်းဧရိယာဟာ ၅.၅ ရာခိုင်နှုန်းပဲရှိတော့တာကြောင့် လမ်းပိုင်းနဲ့ပတ်သက်ပြီး မြို့ပတ်လမ်းတွေဖော်ဆောင်ပြီး အဆင့်မြှင့်တင်ဖို့ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနက ဦးတိုးအောင်ကလည်း ‘ရန်ကုန်မြို့ရဲ့ လမ်းဧရိယာ ကလည်း တခြားနိုင်ငံက လမ်းတွေထက်စာရင် ဧရိယာနည်းတယ် ၊ ဒါကြောင့် လမ်းဧရိယာတွေတိုးချဲ့ဖို့လိုအပ်တယ် ၊ မြို့တွင်းပိုင်းတွေပြီးရင် မြို့ပြင်လမ်းတွေဖော်ဆောင်ရမှာ’လို့ သူ့အမြင်ကိုပြောပါတယ်။
ပြည်တွင်းဘဏ်တွေအနေနဲ့ကလည်း နိုင်ငံခြားမှာအလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းကသူတွေ ဝယ်ယူနိုင်ဖို့ ဘဏ်စနစ်တွေ လုပ်ဆောင်လျက်ဂရှိပါတယ်။ နိုင်ငံခြားက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားရောက်ပြည်သူတွေ ဝယ်ယူနိုင်ဖို့နဲ့ အကောင့်ဖွင့်ပြီး ငွေစုနိုင်အောင်လုပ်ဆောင်နေပါတယ်။
‘နိုင်ငံခြားဘဏ်ကတစ်ဆင့် ပြည်တွင်းဘဏ်မှာ အကောင့်တစ်ခုဖွင့်ပြီးငွေစုနိုင်မယ် ၊ နောက်ပြီးဝယ်ယူလိုတဲ့အဆောက်အအုံတွေကို အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ အွန်လိုင်းဝဘ်ဆိုက်တွေကတစ်ဆင့် ချိတ်ဆက်ဝယ်ယူနိုင်မယ့်စနစ်ပါ ၊ အသေးစိတ်ကို အားလုံးအဆင်သင့်ဖြစ်ရင် အသိပေးပြီး စလို့ရပြီ’လို့ မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။
အိမ်ခြံမြေကဏ္ဍကောင်းမွန်လာနိုင်ဖို့ စစ်တမ်းတွေက အရေးကြီးပြီး ကွန်ဒိုတစ်ခုဝယ်ယူမယ်ဆိုရင် ဝယ်ယူမယ့်အိမ်ရဲ့ ဆောက်လုပ်သူတွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။။ ဝယ်ယူသူဘက်က မှန်ကန်တဲ့ဝယ်ယူမှုဖြစ်ဖို့ အကျိုးဆောင်တွေအနေနဲ့ကလည်း မှန်ကန်ဖို့လိုအပ်ပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties