By 7daydaily, Shweproperty.com
Updated at 19 January 2016
အငြိမ်းစားဝန်ထမ်းများ ကို မြေကွက်များချထားပေးမည် ဆိုသောကောလာဟလများထွက်ပေါ်လာသဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် အငြိမ်းစားဝန်ထမ်းအများအပြား မြောက်ဥက္ကလာပစာတိုက်သို့ လာရောက်ကာ လျှောက်လွှာများ တင်ခဲ့ကြသည်။
‘‘ပင်စင်ယူထားတဲ့ လူတွေ ကို မြေကွက်ပေးမယ်ဆိုတာ ပြော တာကြားလို့ လာခဲ့တာပါ’’ဟု ကုန်သွယ်ရေးဌာနတွင် နှစ် ၂၀ ကြာဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ သော အသက်(၈၀)ခန့်အရွယ်ရှိ ဦးကျော်သိန်းက ပြောသည်။
လွန်ခဲ့သောရက်ပိုင်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှတစ် ဆင့် ပင်စင်စားများကို ရန်ကုန် တိုင်းဒေသကြီးအစိုးရက မြေ ကွက်များချထားပေးမည်ဆိုသည့် ကောလာဟလများကြောင့် အ သက်(၆၀)ကျော်မှ(၈၀)ခန့်အထိ ရှိသော သက်ကြီးရွယ်အိုများသည် လူကိုယ်တိုင် လာရောက်ကာ မြောက်ဥက္ကလာပစာတိုက်မှတစ် ဆင့် လျှောက်ထားခြင်းဖြစ်သည်။
ထိုသို့ မြေကွက်ချပေးမည် ဆိုသည်ကို သမ္မတပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်က ငြင်းဆိုထားသည်။ ‘‘ဒီ သတင်းက မှားပါတယ်။ တိုင်းဒေ သကြီးအစိုးရက လုပ်ဆောင်နေ တာမရှိပါဘူး’’ဟု ဦးရဲထွဋ်က သူ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇန်နဝါရီ ၁၈ ရက်က ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးကလည်း အစိုး ရ အငြိမ်းစားဝန်ထမ်းများကို မြေ ကွက်ချပေးရန် လျှောက်လွှာခေါ် ယူခြင်းမရှိဟု ငြင်းဆိုသည်။
မြေကွက်လျှောက်ထားလို သူ အငြိမ်းစားဝန်ထမ်းများသည် စာတိုက်များရှေ့တွင် ရောင်းချ သည့် မြေကွက်လျှောက်လွှာများ ကို ငွေကျပ်ငါးရာပေးဝယ်ယူနေရ ပြီး စာအိတ်တစ်လုံးလျှင် ငွေကျပ် နှစ်ရာဖြင့်ရောင်းချပြီး လျှောက် လွှာရောင်းချသူများ အလုပ်ဖြစ် နေသည်ဟု လာရောက်လျှောက် ထားသူများက ဆိုသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties