By The Modern, Shweproperty.com
Updated at 7 July 2015
မြေဧက (၂၂၀) ပေါ်မှာ တည်ဆောက်နေတဲ့ ရတနာနဲ့ ဧရာဝဏ် အိမ်ရာစီမံကိန်းကို အရစ်ကျစနစ်နဲ့ အောက်တိုဘာလမှာ ရောင်းချမယ်လို့ သိရပါတယ်။
"ဈေးကတော့ ညှိနှိုင်းနေသေးတယ်၊ တိုင်းဒေသကြီး အစီအစဉ်နဲ့ပဲ အရစ်ကျနဲ့ ရောင်းပေးမှာ၊ မဲစနစ်နဲ့ ရောင်းပေးမှာ၊ မဲစနစ်နဲ့ပဲ ရောင်းပေးမှာ၊ ဘဏ်ချေးငွေကတော့ ဘယ်နှနှစ်ဖြစ်မလဲ မသတ်မှတ်ရသေးဘူး"လို့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
(၁၈) ထပ် ဖြစ်ပါတယ်။ အဆောက်အအုံ အလုံးရေ (၄၉)လုံးနဲ့ အခန်းပေါင်း (၁၉,၆၀၀) ပါဝင်ပါတယ်။ လူဦးရေ (၉၀,၀၀၀) ဝန်းကျင် နေထိုင်နိုင်မယ်လို့ ဆိုပါတယ်။
အခန်းအကျယ်အဝန်း (၆၀၀) စတုရန်းပေ၊ ကြမ်းခင်းဧရိယာ/ကြမ်းခင်း ၁၉.၇၂၇ စတုရန်းပေ၊ ကြမ်းခင်းဧရိယာ/အဆောက်အအုံ (၃၇၂. ၇၁၂) စတုရန်းပေ ကျပ်ဝန်းမှာ ဖြစ်ပါတယ်။
စီမံကိန်းအားလုံးရဲ့ ဒီဇိုင်းကို စင်္ကာပူနိုင်ငံ Surbana ကုမ္ပဏီ ကတာဝန်ယူထားတာပါ။ အိုးအိမ်က ပုဂ္ဂလိက ကုမ္ပဏီ (၃၂) ခုနဲ့ လုပ်ငန်းလည်ပတ်နေပြီး bored pile နဲ့ အဆောက်အအုံ တည်ဆောက်ခြင်းအတွက် ကုမ္ပဏီ (၁၆)ခု precastor လုပ်ငန်းအတွက် ကုမ္ပဏီ (၅)ခု ဖြစ်တယ်လို့ သိရပါတယ်။
ရတနာနဲ့ ဧရာဝဏ်အိမ်ရာ စီမံကိန်းတည်နေရာက ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း၊ ဧရာဝဏ်လမ်း၊ ပြည်ထောင်စုလမ်းစတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
စီမံကိန်းမှာ အရင်က တည်ဆောက်ပြီး လက်ရှိမှာ အသုံးပြုနေတဲ့ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်၊ အဆင့်မြင့်ဟိုတယ်၊ အားကစားကွင်း၊ ဈေးဝယ်စင်တာ၊ ဘတ်စ်ကားဂိတ်၊ ကျောင်းတို့ ပါဝင်မယ်လို့ သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties