By The Modern, Shweproperty.com
Updated at 20 July 2015
ရတနာနဲ. ဧရာဝဏ်တန်ဖိုးမျှတအိမ်ရာစီမံကိန်းဟာ ၃၀ ရာခိုင်နှုန်းခန်. ပြီးစီးနေပြီးလက်ရှိရောင်းချနေတဲ့အဆင့်မြင့်အိမ်ရာစီမံကိန်းတွေထက် သက်သာတဲ့ ဈေးနှုန်းနဲ. ရောင်းချနိုင်ဖို. ဆောင်ရွက်နေကြောင်း မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာနကသိရပါတယ်။
‘ဈေးနှုန်းအတိအကျကတော့ မသတ်မှတ်ရသေးဘူး၊ ဒါပေမဲ့ သေချာတာကတော့ လက်ရှိရောင်းနေတဲ့ တန်ဖိုးနည်းထက် ဈေးပိုမြင့်ပြီးအပြင်ကရောင်းတဲ့ ကွန်ဒိုလိုအိမ်ရာတွေထက်တော့ ဈေးအများကြီးသက်သာမယ်’ လို. မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲသည် အိမ်ရာစီမံကိန်းက ၁၈ထပ်အမြင့်ရှိအဆောက်အအုံတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ တချို.အိမ်ရာတွေကခုနစ်လွှာအထိ ပြီးစီးနေပြီလို. သိရပါတယ်။ အိမ်ရာစီမံကိန်းကိုမြေဧက ၂၂၀ ပေါ်မှာဆောက်လုပ်နေတာပါ။ အောက်တိုဘာလအတွင်းစတင်ရောင်းချနိုင်ဖို. ရည်မှန်းထားတယ်လို. ဆိုပါတယ်။
အဆောက်အအုံအလုံးရေ ၄၉လုံးနဲ. အခန်းပေါင်း ၁၉၆၀၀ခန်းပါဝင်မှာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းနဲ.ကတော့ ၆၀၀စတုရန်းပေနဲ. ကြမ်းခင်းဧရိယာ / ကြမ်းခင်း ၁၉.၇၂၇ စတုရန်းပေ၊ ကြမ်းခင်းဧရိယာ / အဆောက်အအုံ ၃၇၂.၇၁၂ စတုရန်းပေကျယ်ဝန်းမှာ ဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံရဲ. နည်းပညာကိုပုဂ္ဂလိကကုမ္ပဏီ ၃၂ခု တို.ကအိုးအိမ်နဲ. ပူးပေါင်းတည်ဆောက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဧရာဝဏ်လမ်းနဲ. ပြည်ထောင်စုလမ်းဘက်အခြမ်းကအိမ်ရာတွေကိုဦးစားပေးဆောက်လုပ်နေပါတယ်။ စီမံကိန်းအားလုံးလာမယ့် ၂၀၁၉ ခုနှစ်အတွင်းအပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ လူနေအိမ်ရာတွေ အပြင် အဆင့်မြင့်ဟိုတယ်၊ အားကစားကွင်း၊ ဈေးဝယ်စင်တာ၊ ဘတ်စ်ကားဂိတ်နဲ. ကျောင်းစတာတွေ ပါဝင်တယ်လို.လည်းသိရပါတယ်။
ဒဂုံဆိပ်ကမ်း မြို.နယ်အတွင်းမှာအိုးအိမ်ကတည်ဆောက်တဲ့ အိမ်ရာစီမံကိန်းတွေကတော့ ကနောင်အိမ်ရာစီမံကိန်း၊ ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ အငှားချအိမ်ရာစီမံကိန်းတို. ဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties