By EMG, Shweproperty.com
Updated at 12 September 2013
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဧရာဝဏ်နှင့် ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်း၌ ၁၈ ထပ် အထပ်မြင့် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရသည်။
''ဒီ ဧရာဝဏ်၊ ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်းမှာ ၁၈ ထပ် အထပ်မြင့် အဆောက်အအုံ ၄၉ လုံး ပါဝင်ပါတယ်။ အခန်းပေါင်း ၁၉၀၀၀ လောက် ရလာနိုင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း အပြီးတည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်'' ဟု ဧရာဝဏ်၊ ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်းမှ စီမံကိန်း ညွှန်ကြားရေးမှူး ဦးခင်မောင်သိန်းက ပြောကြားသည်။
ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းကို မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း၊ ဧရာဝဏ်အိမ်ရာ စီမံကိန်းမှာ မြေဧရိယာဧက ၁၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရတနာအိမ်ရာ စီမံကိန်းမှာ ဧက ၁၀၀ ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိကာလ၌ အဆိုပါ အိမ်ရာစီမံကိန်းများမှ ၁၈ ထပ် အဆောက်အအုံများ၏ Bored Pile လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းတို့ကို ထပ်မံဝယ်ရန် တင်ဒါခေါ်ယူထားကြောင်း အဆိုပါ စီမံကိန်းမှ သိရသည်။
ထို့ပြင် ဧရာဝဏ်၊ ရတနာအိမ်ရာ စီမံကိန်းများအတွက် လိုအပ်မည့် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို တရုတ်နိုင်ငံ EXAM Bank မှ ချေးယူထားသော ချေးငွေဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၁၉၉၆ ခုနှစ်မှစ၍ ရန်ကုန်မြို့တော်တွင် အထပ်မြင့် အဆောက်အအုံ (High Rise Building) များ တရားဝင် တည်ဆောက်ခွင့် ပြုခဲ့သည့်အတွက် ပြီးခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ရန်ကုန်မြို့ပေါ်၌ အထပ်မြင့် အဆောက်အအုံများ တည်ဆောက် လာခဲ့ကြကြောင်း၊ သို့သော် ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချ နေထိုင်မှု များပြားလာသည့်အတွက် အိမ်ရာလိုအပ်ချက် မြင့်တက်နေဆဲပင် ဖြစ်ကြောင်း သိရသည်။
ဆောင်ရွက်ဆဲ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ပြီးစီးပါက လုပ်သက်ရင့် လစာနည်း ကျောင်း ဆရာ၊ ဆရာမများ ဝယ်ယူခွင့် ရရှိရန်အတွက် စီမံပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties