By Myanmar Builders Guide, Shweproperty.com
Updated at 14 August 2018
ရတနာနှင်းဆီ အိမ်ရာအဆင့်မြင့်အိမ်ရာစီမံကိန်းမှ ကွန်ဒိုအခန်းဝယ်ယူသူနည်းပါးနေခြင်းကြောင့်အခန်းပေါင်း ၈ဝဝ ရောင်းချရန် ကျန်ရှိနေသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။အဆိုပါ ရတနာနှင်းဆီ အိမ်ရာအဆင့်မြင့် အိမ်ရာစီမံကိန်းအတွင်းအခန်းပေါင်း ၁၃၈ဝ ရှိပြီးအိမ်ခန်းများ ရောင်းချရန် ကျန်ရှိနေခြင်းသည် ကွန်ဒိုတိုက်ခန်းအိမ်ရာဝယ်ယူသူ နည်းပါးနေခြင်းကြောင့်ဖြစ်သည်။
အဆိုပါအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များပူးပေါင်းပြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ယင်းကွန်ဒို တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်၍ ၁၅ နှစ် အရစ်ကျထိဝယ်ယူနိုင်သော်လည်း ခန့်မှန်း ထားသည်ထက် ဝယ်ယူသူ နည်းပါးနေသည်။
ဇူလိုင်လအတွင်းက တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများဖြစ်သည့် ယုဇန အိမ်ရာအပိုင်း(၁) နှင့် (၂) ကြီးပွားရေးအိမ်ရာ၊အင်းဝအိမ်ရာ၊ရွှေပေါက်ကံအိမ်ရာ၊ထီးလှိုင်အိမ်ရာနှင့် ကောင်းစံသာ အိမ်ရာတို့မှ အခန်းများကို ရောင်းချပေးခဲ့သည်။ယင်းအိမ်ရာအခန်းများအား တစ်ခန်းလျှင် အနည်းဆုံး ငွေကျပ် သိန်း ၉ဝ မှ ငွေကျပ် သိန်း ၆ဝဝ တန်ဖိုးရှိ အခန်းများကို ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ထို့ပြင် ယခုနှစ်နှစ်ကုန်ပိုင်းအတွင်း အခန်းပေါင်း ၃ဝဝဝ ခန့်ထပ်မံပေါ်ထွက်လာရန်ရှိနေပြီး တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများတွင်ရောင်းချမှုများပြားလာသည့်အတွက် အခန်းမရှိတော့သည်အထိ ရောင်းအားကောင်းမွန်သော်လည်း အဆင့်မြင့် အိမ်ရာတိုက်ခန်းများတွင်ရောင်းချမှုများပြားလာသည့်အတွက် ရောင်းအား ကောင်းမွန်သော်လည်း အဆင့်မြင့်အိမ်ရာတိုက်ခန်းများတွင်ဝယ်ယူသူနည်းပါးသဖြင့်အရောင်းမထွက်သော အခန်းများ ရှိနေကြောင်းသိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့်လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာများမှ အခန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ခြင်းကြောင့် လျှောက်ထားသူများပြားသည့်အတွက် မဲစနစ်ဖြင့်ရွေးချယ်ရောင်းချပေးခဲ့ကြောင်း၊အဆင့်မြင့်အိမ်ရာများတွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော်လည်း ကနဦးတွင်သာ ဝယ်ယူသူများပြားခဲ့ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties