By 7daydaily, Shweproperty.com
Updated at 27 July 2015
ရန်ကုန်ဘူတာကြီးဘက် စုံဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက် ရန် တင်ဒါပြန်လည်ခေါ်ယူသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာနက ရန်ကုန်ဘူတာကြီးဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းအကောင်အ ထည်ဖော်ရန် ပြီးခဲ့သည့် နှစ်က တည်းက တင်ဒါခေါ်ထားခဲ့သော် လည်း လုပ်ဆောင်ရန် သင့်လျော် သည့် ကုမ္ပဏီမရှိ၍ တင်ဒါထပ်မံ ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ် သည်ဟု ရထားပို့ဆောင်ရေးဝန် ကြီးဌာနထုတ်ပြန်ချက်အရ သိရ သည်။
‘‘တချို့ကုမ္ပဏီတွေက စီမံ ကိန်းကြီးလို့ မနိုင်တာနဲ့နောက် ဆုတ်သွားကြတာလည်းပါတယ်။ နောက်ဆုံးဝင်ပြိုင်မယ့် ကုမ္ပဏီ သုံးခုစလုံးကတော့ ခိုင်မာမှု မ ကောင်းပေမယ့် တချို့ အချက် တွေမှာ လိုအပ်ချက်ရှိနေလို့ ရွေးရခက်သွားတဲ့သဘောပါ’’ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန တင်ဒါ ရွေးချယ်စိစစ်ရေးအဖွဲ့တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရန်ကုန်ဘူတာကြီးရှိ မြေ ၆၃ ဒသမ ၆၂၂ ဧကပေါ်တွင် ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းများအကောင် အထည်ဖော်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအား ရထားပို့ဆောင် ရေးဝန်ကြီးဌာနက ၂၀၁၄ ဧပြီ၌ စတင် ဖိတ်ခေါ်ထားခဲ့ရာ နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီများက အဆိုပြုလွှာ ၃၄ စောင်ပေးပို့ထား ခဲ့ပြီး နောက်ဆုံးအဆင့် တင်ဒါ ယှဉ်ပြိုင်စေရာတွင် ကုမ္ပဏီအဖွဲ့ သုံးဖွဲ့သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိခဲ့သည်။
ယင်းကုမ္ပဏီသုံးခု၏ အဆို ပြုလွှာများကို စိစစ်ခဲ့ရာ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီမှု မရှိ၍ တင်ဒါအောင်မြင်သော ကုမ္ပဏီမရှိဟု သတ်မှတ်ပြီး တင်ဒါပြန် လည်ခေါ်ယူသွားရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်ဘူတာကြီးပိုင် မြေ ၆၂ ဧကပေါ်တွင် အဆင့်မြင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေ နေရာများ၊ ဟိုတယ်များဆောက်လုပ်ရန် မြန်မာ့မီးရထားက ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ အီတလီ၊ ကိုရီးယား၊ ကာတာ၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ကနေဒါနှင့် ဗီယက်နမ်တို့က ကနဦးကမ်းလှမ်း ခဲ့ကြခြင်းဖြစ်သည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာနသည် ရထားပြေးဆွဲမှုမှ နှစ် စဉ် ကျပ် ၄၅ ဘီလီယံခန့် အရှုံးပေါ်နေ၍ ဝင်ငွေပြန်လည် ဖြည့်တင်း နိုင်ရန် ရထားပိုင်မြေတွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် မည့် စီမံကိန်းများပြုလုပ်စေခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးက ၂၀၁၄ နှစ်ကုန်တွင် ပြောကြားခဲ့သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties