By Myanmar Times, Shweproperty.com
Updated at 2 February 2015
ကမ္ဘာ့ဘဏ်က ဇန်န၀ါရီလ ၂၆ ရက်နေ့က ထုတ်ပြန်သည့် အရှေ့အာရှဒေသတွင် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ အသစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြ အခြေအနေ သည် ဖွံ့ဖြိုးမှုကိုစတင်သည့် အနေအထားတွင် ဖြစ်သော်လည်း တိုးတက်မှုအဆင့် အခြေအနေတွင် ရှိနေကြောင်းဖော်ပြသည်။
မြန်မာနိုင်ငံသည် အစိုးရသစ်တက်လာခဲ့ သည့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ အရှေ့အာရှ ဒေသ၏စံနှုန်းများအရ မြို့ပြဧရိယာအကြီး စား မရှိခဲ့သော်လည်း ရန်ကုန်နှင့် မန္တလေး နှစ်မြို့မှာ လူဦးရေတစ်သန်းမှ ငါးသန်းခန့် နေထိုင်ကြသည့် မြို့ပြဧရိယာ အလယ် အလတ်ခန့်သာ ရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ဖြစ်သည့် ၁၀ နှစ်တာကာလအတွင်း အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ခဲ့ရခြင်း မှာ မြန်မာနိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ခံခဲ့ရခြင်း များကြောင့် ဖြစ်ဖွယ်ရာရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။
ယင်းအချက်များကြောင့် မြန်မာနိုင်ငံ သည် အရှေ့အာရှဒေသအတွင်း ပထ၀ီအနေအထားအရမလေးရှားနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများထက် နှစ်ဆခန့် ကြီးမားခဲ့သော် လည်း မြို့ပြဧရိယာဖွံ့ဖြိုးတိုးတက်မှုမှာ ဗီယက် နမ်နိုင်ငံအောက် သုံးဆခန့်နှင့် မလေးရှား နိုင်ငံအောက် ငါးဆခန့် နောက်ကျခဲ့ရသည်။
အဆိုပါ ဆယ်နှစ်တာကာလအတွင်း နိုင်ငံ ၏ မြို့ပြမြေတိုးတက်မှုနှုန်းသည် စတုရန်း ကီလိုမီတာ၇၆၀ မှ ၈၃၀ ထိ သုည ဒသမ ၈ ရာခိုင်နှုန်း သာ မြင့်တက်ခဲ့ပြီး အရှေ့အာရှဒေသ အတွင်း တိုးတက်မှု အနိမ့်ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ များ၌ လူနေထိုင်မှုမြင့်မားလျက်ရှိသကဲ့သို့ မြို့ပြလူဦးရေထူထပ်မှုမှာလည်း မြင့်သထက်မြင့်မားလျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေမြင့်မားမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ် တွင် ၄ ဒသမ ၇ သန်းရှိခဲ့ရာမှ၂၀၁၀ ပြည့်နှစ် တွင် ၆ ဒသမ၂ သန်းသို့ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ၏ မြို့ပြလူဧရိယာသိပ်သည်း ဆသည် ၂၀၀၀ ပြည့်နှစ်၌ တစ်စတုရန်း ကီလို မီတာတွင် လူဦးရေ ၆,၂၀၀ ခန့်နေထိုင်ရာမှ ၂၀၁၀ တွင် ၇,၅၀၀ ခန့်အထိ ရှိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ၏ မြို့ပြဧရိယာသိပ်သည်းဆမှာ အရှေ့အာရှဒေသတွင်းရှိ မြို့ပြဒေသများ၏ ပျမ်းမျှမြင့်တက်နှုန်းထက် မြင့်မားခဲ့ပြီးအာဆီယံနိုင်ငံများတွင် ဒုတိယ အမြင့်ဆုံးဖြစ်ခဲ့သည်။
ရန်ကုန်မြို့သည် မြို့ပြဧရိယာအကြီးဆုံးမြို့ဖြစ်သော်လည်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဧရိယာသစ်ချဲ့ထွင်မှုမှာ သုည ဒသမ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့၏လူဦးရေထူထပ်မှုမှာ ပိုမိုမြင့်တက်ခဲ့ပြီး တစ်နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
ထို့ပြင် အာရှဒေသတွင်းရှိ မြို့ပြဖွံ့ဖြိုး တိုးတက်မှုမှာလည်း အရှိန်မြင့်ခဲ့ပြီး မြို့ပြသို့ ပြောင်းရွှေ့နေထိုင်သူဦးရေမှာလည်း ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား လူသန်း ပေါင်း ၂၀၀ ခန့်ရှိခဲ့သည့်အတွက် ကမ္ဘာ့ဆဌမ မြောက် လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံ၏ လူဦးရေနှင့်ညီမျှကြောင်း ဖော်ပြသည်။
"အရှိန်အဟုန်နဲ့ဖြစ်ပေါ်နေတဲ့ မြို့ပြဖြစ် ထွန်းမှုက အရှေ့အာရှအတွက် သိသာထင်ရှားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အခြေအနေမှန်ကို မသိဘူးဆိုရင် စီမံခန့်ခွဲ နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ကျွန်တော်တို့ ထုတ် ပြန်လိုက်တဲ့ သတင်းအချက်အလက်တွေ ကို အသုံးပြုပြီး မြို့ပြခေါင်းဆောင်တွေအနေ နဲ့ အခြေအနေတွေကို ပိုသိမြင်လာပြီး မြို့ပြဖြစ်ထွန်းမှုကနေ အကျိုးရနိုင်ဖို့ ဆောင်ရွက်နိုင်အောင်ရည်ရွယ် ထုတ်ပြန်ခဲ့တာပါ" ဟု ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာဒုဥက္ကဋ္ဌ ဗထနူလညွှေမသအျနညဘကမါ က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မြန်မာနိုင်ငံခေါင်းဆောင် များက အဆိုပါအရှေ့အာရှဒေသမြို့ပြဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီရင်ခံစာများကို အခြေပြု၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားသင့်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံ ဌာနေကိုယ်စားလှယ်Abdoulaye Seck က ပြောသည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties