By ကျော်သီဟ, Shweproperty.com
Updated at 15 December 2011
ရန်ကုန်မြို့တော်ကို တိုးချဲ့တည်ဆောက်ပါက ဒလ၊ သန်လျင်၊ ကျောက်တန်းနှင့်လိုအပ်လျှင် ကွမ်းခြံကုန်းမြို့နယ်အထိ တိုးချဲ့သွားနိုင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည့်ဖြစ်သော ရန်ကုန် Structure Plan 2040 နှစ် ၃၀ စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားမည့် စာတမ်းရှင်တစ်ဦးကပြောသည်။|
“နှစ် ၃၀ စီမံကိန်းမှာ နောက်တစ်ချိန် ရန်ကုန်မှာ အသိပညာ နဲ့ ပြည့်စုံတဲ့ စီးပွားရေးမြို့တော် ၊ လူသားအရင်းအမြစ်ကို အဓီက တန်ဖိုးထားတဲ့မြို့တော်အဖြစ် တည်ဆောက်ထားဖို့ရည်မှန်းထားသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကအစ ကျန်းမာရေးအထိ အသေးစိတ်ပါဝင်ပါတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
ရန်ကုန်မြို့တော် Structure Plan 2040 အလုပ်ရုံဆွေးနွေးပွဲ အား ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပရန်ရှိပြီး မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးအဖွဲမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှတက်ရောက်ကြမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်အားလာမည့် နှစ် ၃၀ အတွင်းတိုးတက်လာမည့် လူဦးရေစသည့် အချက်များနှင့် ရန်ကုန်မြို့လူနေထိုင်မှုအပေါ်မြို့ပြတိုးချဲ့မှုအား ပထဝီအနေအထားအရ ဒလ၊သန်လျင်၊ကျောက်တန်း နှင့် ကွမ်းခြံကုန်းမြို့နယ်စသည်တို့အား တိုးချဲ့ရန်ကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်းအကြံပေးပဂ္ဂိုလ် ဦးဝင်းမြင့်ကမှု ရန်ကုန်မြို့ကို ထပ်မံတိုးချဲ့မည်ဆိုပါက အရပ်လေးမျက်နှာလုံးတွင် ထပ်မံတိုးချဲ့ ၍ ရနိုင်သေးကြောင်းပြောသည်။ ထို့အပြင် ရန်ကုန်မြို့တော်အတွင်း၌ပင် ထပ်မံတိုးချဲ့ရန်နေရာများစွာရှိနေသေးပြီး၊ မြို့သစ်နေရာများတွင် ထပ်မံတိုးချဲ့မည်ဆိုပါက ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး စသောအခြေခံအဆောက်အအုံများပြည်စုံရန်လိုအပ်ကြောင်း၎င်းကပြောသည်။
“လက်ရှိမြို့ထဲမှာပဲ ဆက်သွယ်ရေးကောင်းတဲ့နေရာလေးတွေချဲ့လို့ရသေးတယ်။ ရန်ကုန်မြို့ကို တိုးချဲ့ဖို့ထက် လက်ရှိ ရှိရင်းစွဲ ဒဂုံမြို့သစ်၊လှိုင်သာယာ၊မရမ်းကုန်း မြို့နယ်တွေမှာ လိုအပ်ချက်တွေ ထပ်ဖြည့်ပေးရင်ပဲလုံလောက်ပြီ။ အရင် ၁၀ နှစ်လောက်က လုပ်ခဲ့တဲ့ စနစ်လိုတဲပေါ်ကတိုက်ပေါ်တင်ခဲ့တဲ့စနစ်က သင်္ဃန်းကျွန်း၊သာကေတ မြို့နယ်တွေမှာ မြို့ပြနဲ့ ပိုတူသွားတယ်။ ပြီးတော့ ဒီစနစ်က ပိုသင့်တော်တယ်။ ဒါကြောင့် ရေမီး၊ဆက်သွယ်ရေးကောင်းပြီးသားဖြစ်လို့ ပျံကျရပ်ကွက်တွေမှာ အစိုရရဲ့ ကြီးကြပ်မှုနဲ့ စီးပွားရေးသမားတွေပူတွဲလုပ်ရင် အကျိုးအမြတ်ပိုရှိနိုင်တယ်” ဟု မြို့ပြရေးရာ ပညာရှင် တစ်ဦးဖြစ်သော ဦးဝင်းမြင့်ကပြောသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties