By 7daydaily, Shweproperty.com
Updated at 19 September 2016
ရန်ကုန်မြို့တွင် အခြေချ နေထိုင်သည့် လူဦးရေအရ အိမ် ငှားရမ်းနေထိုင်မှုမှာ ၃၅ ရာခိုင် နှုန်းရှိပြီး အိမ်ပိုင်နေထိုင်သည့် လူ ဦးရေမှာ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက် နိုင်က ပြောသည်။
အဆိုပါစာရင်းမှာ ၂၀၁၄ က ကောက်ယူသော သန်းခေါင် စာရင်းကို အခြေခံ၍ စစ်တမ်းလုပ် ထားခြင်းဖြစ်ကြောင်း ဦးသက်နိုင် က ဆိုသည်။
ထို့ကြောင့် နှစ်စဉ် တိုးပွား လာသော လူဦးရေနှင့် နယ်မှ ရွှေ့ ပြောင်း အခြေချနေထိုင်သူတို့ ကြောင့် နှစ်စဉ်လူဦးရေ တိုးပွား သဖြင့် ရန်ကုန်မြို့တွင် တန်ဖိုး နည်းအိမ်ရာများ၊ အငှားအိမ်ရာ များ အမြောက်အမြား ဖော်ထုတ် ပေးရန်လိုအပ်ကြောင်း ၎င်းက ဆို သည်။
ရန်ကုန်မြို့တွင် အိမ်ရာစုစု ပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ အခိုင် အမာ တည်ဆောက်ထားသော အိမ်ရာများဖြစ်ပြီး ကျန် ၂၅ရာခိုင် နှုန်းမှာ ခိုင်မာမှုအားနည်းသည့် တဲ အိမ်အမျိုးအစားများဖြစ်ကြောင်း ရန်ကုန်၏ အိမ်ရာတည်ဆောက် ထားမှု အခြေအနေကို ဦးသက်နိုင်က ဆိုသည်။
‘‘ရန်ကုန်မြို့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းက လစာသုံးသိန်း အောက်ပဲရတဲ့အတွက် ရန်ကုန် မြို့နေ လူအများစုက အိမ်ပိုင်ဆိုင် ဖို့၊ အခန်းပိုင်ဆိုင်ဖို့ ခက်ခဲကြပါ တယ်။ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက် မှုတွေအရတော့ လူတစ်ယောက် က (မြန်မာငွေနဲ့ တွက်မယ်ဆို) လစာသုံးသိန်းခန့်ရမယ်ဆို ကိုယ် ပိုင်အိမ် ဒါမှမဟုတ် ကိုယ်ပိုင် တိုက်ခန်းပိုင်ဆိုင်နိုင်တဲ့အခြေအ နေရှိတယ်လို့ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအရရော ဖွံ့ဖြိုးမှု အနေအထားအရပါ ရန်ကုန်မြို့မှာ လစာ သုံးသိန်း လောက်ရရုံနဲ့ အိမ်ပိုင်၊ အခန်းပိုင် မဖြစ်ကြသေးပါဘူး’’ဟု ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောသည်။
ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ပိုင် ဝယ်ယူနိုင်သူအရေအတွက်ထက်အိမ်ငှားနေထိုင်သူ အရေအတွက် များပြားနေပြီး အမှန်တကယ် တန်ဖိုးမြင့် အိမ်ရာများ ဝယ်ယူနေထိုင်နိုင်မှုမှာ အိမ်ထောင်စုသောင်းဂဏန်းခန့်သာရှိသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန် ထားဖူးသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties