By Lae' Moe, Shweproperty.com
Updated at 27 August 2015
နိဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ်ပေါ်မူတည်ပြီး ရန်ကုန်မြို့ရဲ့ မြင်ကွင်းအခြေအနေ ပြောင်းလဲနိုင်တယ်လို့ အိမ်ခြံမြေဆောက်လုပ်ရေး အသိုင်းအ၀ိုင်းက သိရပါတယ်။
" နောက် (၅)နှစ်ရဲ့ မြင်ကွင်းအခြေအနေကို အဝေးကြီးမသုံးသပ်သေးပဲ နောက်တစ်နှစ်ရဲ့ ရန်ကုန်မြို့ မြင်ကွင်းအခြေအနေ တိုးတက်ဖို့ဆိုတာက လက်ရှိရွေးကောက်ပွဲ အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်၊ နိုင်ငံရေး အခြေအနေကောင်းမှ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာပြီး ရန်ကုန်မြို့ရဲ့ (၅) နှစ်မြင်ကွင်းက လှပလာမှာဖြစ်တယ်"လို့ နှိုင်းထက်သာဆောက်လုပ်ရေး ကုမ္ပဏီရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးနန္ဒကျော်က သူ့အမြင်ကို ပြောပါတယ်။
ရန်ကုန်မြို့ဟာ ရှေးဟောင်းအမွေအနှစ်များစွာနဲ့ တည်ရှိနေတဲ့ မြို့ဖြစ်ပြီး စီးပွားရေးအချက်အချာ ကျတဲ့ မြို့တစ်မြို့လည်းဖြစ် ပါတယ်။ ဒါကြောင့် နောက်(၅) နှစ်အကြာမှာ ရန်ကုန်မြို့ရဲ့ မြင်ကွင်းဟာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ အပြင် အဆောက်အအုံ အသစ်တွေနဲ့ လှပနေနိုင်ဖို့ ဆိုတာဟာ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းတွေအပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ အပေါ်မှာ လည်းမူတည်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နီးကပ်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ အနာဂတ်ကလည်း ရွေးကောက်ပွဲရဲ့ အခြေအနေရလဒ်အပေါ်မူတည် နေပါတယ်။
ရန်ကုန်မြို့ရဲ့ တိုက်တာအဆောက်အဦးတွေက လက်ရှိထက် အတော်အတန်နည်းတဲ့ လူနည်းစုအတွက်ပဲ ရည်စူးတည်ဆောက်ထားတာပါ၊ ဒါပေမယ့် မြို့တွင်းမှာရှိတဲ့ လူဦးရေက အရမ်းကို သိပ်သည်လာပါသည်။
အဓိက မြို့တွင်းတစ်နေရာကို အခြေပြုတဲ့ စနစ်ထက် စနစ်တကျ ချိတ်ဆက်ထားပြီး နေရာငယ်များစွာနဲ့ ပါဝင်ဖွဲစည်းထားတဲ့ စနစ်က တမြို့လုံးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ပါတယ်။
သည်လိုစနစ်ကပဲ ရန်ကုန်လူနေထုရဲ့ သိပ်သည်းမှုကို မျှတစွာ နေရာချပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေကို ဖုံးကွယ်လာနိုင်တဲ့ အဆောက်အအုံတွေကို ကန့်ကွက်မှုတွေ များလာတဲ့အတွက် ဆောက်လုပ်ခွင့် မပြုတာကြောင့် နောက်ငါးနှစ်မှာ မြို့ရဲ့မြင်ကွင်းဟာ အများကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
"နောက်(၅)နှစ် အတွင်းမှာ အဆောက်အအုံ အထပ်မြင့်တွေတော့ များမလာနိုင်ဘူး၊ အများကြီးတော့ ပြောင်းလဲမသွားနိုင်ဘူး၊ အဆောက်အအုံအသစ်တွေလဲ တိုးလာလိမ့်မယ်၊ နည်းစနစ်တွေလဲ တိုးတက်လာအောင် လုပ်ရမယ့်အပိုင်း လေးတွေရှိတယ်၊ အချိန်တော့ယူရဦးမှာပါ၊ စည်းမျဉ်းစည်းကမ်းနဲ့ ပံ့ပိုးနိုင်ခြေသာ ကောင်းမယ်ဆိုရင် နောက်(၅) နှစ်မှာ ရန်ကုန်မြို့ကြီး အရမ်းကို တိုးတက်လာမှာပါ။ အစိုးရအနေနဲ့ စည်းကမ်းပိုင်းကို ဒီထက်ပိုပြီး တင်းကျပ်ပေးမယ် ဆိုရင်တော့ အများကြီး တိုးတက်လာနိုင်ခြေရှိတယ်"လို့ တစ်ကောင်ဘွား ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ဒါရိုက်တာ ကိုသူရထွန်းက ပြောပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ ဟန်ချက်ညီစွာ ဆက်လက်ဖွံ့ဖြိုါ်နိုင်ဖို့ ယခုလက်ရှိ လုပ်ဆောင်နေတဲ့ ခေတ်မီ မြို့ပြစနစ် ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို စီမံအုပ်ချုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
Written By : Lae' Moe
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties