By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 9 May 2018
၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အိမ်၊ ခြံ ၊ မြေ တိုက်ခန်းတွေရဲ့ စံနှုန်းကို မေလအတွင်းမှာ စိစစ်ပြီး တိုင်းဒေသကြီး အစိုးရ ရဲ့ အတည်ပြုချက်နဲ့ ပြင်ဆင်သွားမယ်လို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
ပြည်သူလူထုတွေ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန် ထမ်းဆောင်မှု အဆင်ပြေစေဖို့ ဒေသပေါက်ဈေးနဲ့ မကိုက်ညီတဲ့ အိမ် ၊ ခြံ၊ မြေ ၊ တိုက်ခန်းတွေကို ကာလတန်ဖိုး စိစစ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်၊ ခြံ ၊ မြေ ၊ တိုက်ခန်း ဈေးနှုန်းတွေ ကာလတန်ဖိုးသတ်မှတ်တဲ့အခါ မြို့နယ်၊ ရပ်ကွက်နဲ့ လမ်းတွေအလိုက် ဘဏ္ဍာရေးနှစ်အစမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း အတက်အကျအပေါ် မူတည်ပြီး အနီးစပ်ဆုံးဖြစ်အောင် သတ်မှတ်ကြောင်းသိရသည်။
စည်ပင်သာယာရေးရဲ့ ကိုယ်စားလှယ်တွေ ၊ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ ကိုယ်စားလှယ်တွေ၊ မြေစာရင်းနဲ့ မြေယာဌာန ကိုယ်စားလှယ်တွေ စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဌာန (၁၁) မှ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက်ရယူ မှာဖြစ်ပါတယ်။
Written By : Shwe Kyaw (ShweProperty.com)
Photo Credit : Proptiger
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties