By ဝေမာထွန်း, Shweproperty.com
Updated at 15 November 2012
နှစ်ကာလကြာမြင့်ပြီဖြစ်သော်လည်း တရားဝင်လူနေထိုင်ခွင့်လက်မှတ်(BCC) မလျှောက်ထားရသေးသည့် ကန်ထရိုက်အဆောက်အအုံများအား စာရွက်စာတမ်း အထောက်အထား ဖြေလျှော့သည့် နည်းဖြင့် ချထားပေးသွားမည်ဟု ရန်ကုန်စည်ပင်မှ သတင်းရရှိသည
အထောက်အထား ဖြေလျှော့ပေးမည့် BCC မှာ အဆောက်အအုံအား လူနေထိုင်ရန် အရည်အသွေး ပြည့်မီခြင်း ရှိ မရှိ စစ်ဆေးကာ ရန်ကုန်စည်ပင်မှ ချထားပေးသည့် လူနေထိုင်ခွင့်လက်မှတ်ဖြစ်သည်။ လူနေထိုင်ခွင့်(BCC) လျှောက် ထားပါက အဆောက်အအုံ စတင် ဆောက်လုပ်စဉ်မှ စ ရန်ကုန် စည်ပင်၏ ညွန်ကြားချက်များနှင့် ကန်ထိုက်တာမှ အဆောက်အအုံ ဆောက်လုပ်နေမှုကို မှတ်သားထား သည့်မှတ်တမ်းစာအုပ် (Log Book) အပါအဝင် ပြည်တွင်းအခွန်သို့အခွန် ပေးသွင်းထားကြောင်း အထောက် အထားစာရွက်တို့ ပါရှိရမည်ဖြစ် သည်။
ယင်းကဲ့သို့ သတ်မှတ်ချက်ရှိသော်လည်း လွန်ခဲ့သည့် လေး၊ ငါး နှစ်ခန့်က အဆောက်အအုံများသည် အထက်ပါ အထောက်အထားများ ပြသနိုင်မှုမရှိကြသဖြင့် ဖြေလျှော့ သည့်အနေဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင်၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှအရာရှိတစ်ဦးကပြောသည်။
၂ဝဝ၉ ခုနှစ် မတိုင်မီကာလက အဆောက်အအုံ အများစုသည် BCC လျှောက်ထားမှုမရှိဘဲ နေထိုင် မှုများရှိနေကြောင်း၊ ယင်းကဲ့သို့ နေထိုင်မှုများ ရှိခဲ့ ၂ဝဝ၉ ခုနှစ်မှစတင်ကာ တရားဝင်လိုင်စင်ရ ကန်ထိုက်များက အဆောက်အအုံ တစ်ခု ဆောက်လုပ်မည်ဆိုပါက စပေါ်ငွေ ကျပ်သိန်း ၅ဝ ရန်ကုန် စည်ပင်သို့ပေးသွင်းရပြီး လူနေထိုင် ခွင့် BCC ကျပြီးမှသာ ယင်းငွေအား ကန်ထိုက်သို့ ပြန်လည်ပေးအပ် သည့်စနစ်ဖြင့် ထိန်းချုပ်ခဲ့သည်ဟု အထက်ပါအရာရှိက ဆိုသည်။
လိုင်စင်ရှိ ကန်ထိုက်တာများ က ဆောက်လုပ်သည့် အဆောက် အအုံများကိုသာ လူနေထိုင်ခွင့်လာ ရောက်လျှောက်တင်ရန် ဌာနမှ ထိန်းချုပ်ထားနိုင်သော်လည်း တရားဝင်လိုင်စင်မရှိသည့် ကန်ထိုက်တာများက ဆောက်လုပ်သည့် အဆောက်အအုံများမှာ ဌာနသို့ အ ဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် လာရောက်မတင်သည့်အတွက် (BCC ) လျှောက်ထားရန် တွန်းအား ပေးနိုင်ခြင်းမျိုးမရှိ လူနေထိုင်ခွင့် မကျဘဲ နေထိုင်နေခြင်းများ ရှိနေ ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
လူနေထိုင်ခွင့်ရှိမှသာ အိမ်ခန်း နေသူများ တရားဝင်နေထိုင်ခွင့် ရှိ ခြင်းဖြစ်ပြီး အရောင်းအဝယ်ပြုလုပ် ရာတွင်လည်း အဆင်ပြေနိုင်မည် ဖြစ်သည်။ ကန်ထိုက်တာများ လူနေထိုင်ခွင့် လျှောက်ထားပေးစေ ရန်အတွက်မူ အဆောက်အအုံ ဆောက်လုပ်သူများက တရားဝင် လိုင်စင်ရ ကန်ထိုက်များနှင့်သာ ဆောက်လုပ်ရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
အထပ်မြင့် ဆောက်လုပ်လိုသူ များအနေဖြင့် မိမိတို့နှင့် အကျိုးတူ ဆောက်လုပ်မည့် ကန်ထိုက်တာ သည် အမှန်တကယ် တရားဝင်လိုင် စင်ရှိသူ ဟုတ်မှန်မှု ရှိ မရှိကို ဌာန သို့လာရောက်မေးမြန်း နိုင်ကြောင်း သိရသည်။ လူနေထိုင်ပြီးမှသာ လူ နေထိုင်ခွင့် လာရောက်လျှောက် ထားသည့် အဆောက်အအုံများကို ဒဏ်ကြေး ပေးပြီးမှသာ နေထိုင်ခွင့် ချထားပေးကြောင်း အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ သိရသည်။
''လူနေပြီးမှ လူနေထိုင်ခွင့် လာလျှောက်ထားရင် ဒဏ်ကြေး တစ်သိန်းနှစ်သောင်း ရိုက်တယ်။ စီးပွားရေးပါလုပ်နေပြီဆိုရင် ဒဏ် ကြေး နှစ်သိန်းလေးသောင်း ရိုက်ပြီး ချထားပေးပါတယ်'' ဟုအထက်ပါ အရာရှိက ပြောသည်။ နေထိုင်ခွင့် ရရှိရန်အတွက် ပြည်တွင်းအခွန်နှင့် ရန်ကုန်စည်ပင် သို့ အခွန်ပေးသွင်းရပြီး အခန်းအရေ အတွက်အလိုက် ငွေပမာဏနှုန်း ထား ကွာခြားချက်ရှိကြောင်း သိရ သည်။
Source: Popular News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties