By emg, Shweproperty.com
Updated at 28 October 2012
ရန်ကုန်မြို့လယ်ရှိ ကုန်သည် ကြီးများဟိုတယ် (Traders Hotel) ဘေးရှိ ကားပါကင်ဝင်းနေရာတွင် Traders Square ဟူသော အထပ် ၂ဝ ပတ်ဝန်းကျင်အဆောက်အအုံ တစ်ခုဆောက်လုပ်ခွင့်အတွက် လာ ရောက်တင်ပြထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီ အဆောက်အအုံဌာနမှသိရှိရ သည်။
အဆိုပါ Traders Square အဆောက်အအုံတွင်ကုမ္ပဏီရုံးခန်းနှင့် ရှော့ပင်း Complex များပါဝင်မည် ဖြစ်ပြီး နာမည်ကြီးအမှတ်တံဆိပ် များကိုသီးသန့်ရောင်း ချသွားမည်ဟု သိရသည်။ Traders Square အဆောက်အအုံကိုကုန်သည်ကြီးများ ဟိုတယ်အား ပိုင်ဆိုင်သည့် ရှန်ဂရီ လာအုပ်စုကုမ္ပဏီမှပင်ဆောက်လုပ်ရန် လာရောက်တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
''Traders Hotel ဘေးနားမှာ Traders Square ဆိုပြီး အထပ် ၂ဝ ပတ်ဝန်းကျင်အထပ်မြင့်အဆောက် အအုံဆောက်လုပ်ချင်လို့ Proposal လာရောက်တင်ပြထားတာ ရှိပါ တယ်။ ခွင့်တော့မပြုသေးပါဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ရန်ကုန်မြို့မှာ ရှစ်ထပ် အောက် အဆောက်အအုံတွေကိုပဲ ဆောက်လုပ်ခွင့်ပြုပေးတာပါ။ ရှစ် ထပ်နှင့်အထက်အဆောက်အအုံတွေ အတွက်ဆိုရင် အထပ်မြင့်အဆောက် အအုံများကြီးကြပ်မှုကော်မတီကို ထပ်မံတင်ပြရပြီး သူတို့ဆီက ခွင့်ပြု ချက်ရရှိမှသာ ခွင့်ပြုပေးတာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အဆောက် အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တော်တွင် လက်ရှိ၌ အထပ်မြင့်အဆောက်အအုံအရေ အတွက်မှာအနည်းငယ်သာရှိနေသေး ပြီး ယင်းအထဲတွင် ကုန်သည်ကြီး များဟိုတယ်၊ ဆာကူရာတာဝါစသည့် အဆောက်အအုံများသာရှိနေသေး ကြောင်း၊ ရန်ကုန်မြို့၌ အထပ် ၂ဝ၊ ၃ဝ နှင့် ၄ဝ အထိ အဆောက်အအုံ များဆောက်လုပ်ခွင့်ရရှိရေးအတွက် ပြည်တွင်းရှိကုမ္ပဏီအချို့မှ လာ ရောက်တင်ပြမှုများရှိနေရာ လတ်တ လောခွင့်ပြုသည့်စီမံကိန်းများမရှိ သေးကြောင်းနှင့် တင်ပြထားသည့် ကုမ္ပဏီစာရင်းများကိုလည်း ထုတ် ပြန်ခြင်းမရှိကြောင်း သိရသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties