By Myanmar Builders Guide, Shweproperty.com
Updated at 22 January 2018
ရန်ကုန် ၁၁ မြို့နယ်မှာ စက်မှုဇုန်အတစ်တွေအကောင်အထည်ဖော်မှာဖြစ်ပြီး စက်မှုဇုန်တစ်ခုကို မြေဧက ၁၀၀၀ ခန့်အကျယ် သတ်မှတ်ထားကြောင်း Myanmar Builders Guide ကသီရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ခရမ်း၊သုံးခွ၊ကွမ်းခြံကုန်း၊ကော့မှူး၊တွံတေး၊သန်လျင်၊ကျောက်တန်း၊တိုက်ကြီး၊မှော်ဘီ၊ထန်းတပင်၊လှည်းကူးစတဲ့ ၁၁ မြို့နယ်မှာစက်မှုဇုန်တွေဖော်ဆောင်မှာဖြစ်ပါတယ်။
စက်မှုဇုန်အသစ်တွေဖော်ထုတ်တဲ့အခါ အဓိက အနေနဲ့လျှပ်စစ်ဓာတ်အားပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေး လိုအပ်မှာဖြစ်ပြီး အြေ ခခံ အေ ဆာ က်အအုံတွေဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။အောင်အောင်မြင်မြင်နဲ့အကောင် အ ထည်ဖော်နိုင်ရင် နိုင်ငံတော်အတွက် အခွန်အခနဲ့ လူ င ယ်ေ တွအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများစာ ပေါ်ထွက်လာနိုင်မယ် လို့စီးပွးရေးလုပ်ငန်းရှင်တချို့ကပြောပါတယ်။
မြေပိုင်ရှင်တွေကိုလည်း အစိုးရက သတ်မှတ်ထားတဲ့ တန်ကြေးပြန်လည်ပေးအပ်မှာဖြစ်ကြောင်းသိရပါတယ် ။ စက်မှုဇုန် အသစ်တွေမှာ နိုင် ငံ တကားမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီးဆောင်ရွက်မယ့် အစီအစဉ်ရှိပါတယ်။
အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေလာရောက်ရင်နှီးမြှုပ်နှံလာရန် ဆွဲဆောင်မှာဖြစ်တယ်လို့ သိရပါတယ် ။
စက်မှုဇုန်တွေကိုလာရောက်ရင်းနှီးမြှုပ်သူတွေ မြေယာ ဈေး နှုန်းသက်သက်သာသာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ငံရေး အ တွက် ရန်ကု န်တို င်းေ ဒသကြီးအစိုးရအဖွဲ့က စီစဉ်နေကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းစက်မှုဇုန် ၂၉ ခုရှိနေပြီး စက်မှုဇုန်အသီးသီးမှာ စက်ရုံ အလုပ်ရုံတွေလည်ပတ်နေပြီးဖြစ်ပေမဲ့ လျှပ် စစ်ဒါတ် အားပြည့်ဝစွာ မသုံးစွဲနိုင်သေးတဲ့အတွက် လုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်အောင် ကြိုး ပမ်းနေတယ်လို့ သိရပါတယ်။
စက်မှုဇုန်အသစ်တွေ ထပ်ပြီးဖော်ထုတ်ဖို့ အစီအစဉ်ရှိတာကြောင့်ရင်းနှီးမြှုပ်နှံသူတွေသာမက အလုပ်အကိုင်အခွင့်အလမ်းတွေ အ ဆ င်ပြေလာနိုင်မယ်။ မြို့ပြနေသူတွေနဲ့ ကျေးလက်နေပြည်သူတွေအတါက် အလုပ်အကိုင်အခွင့် လမ်းနဲ့ ဝင်ငွေမျှတမှုတွေဖြစ်ပေါ်စေရေးအတွက် စက်မှုဖုန်တွေဖော်ထုတ်ဖို့ ကြိုးစားနေကြောင်း လုပ်ငန်းရှင်တချို့ကပြောပါတယ်။
ရန်ကုန်မြို့ဝန်းကျင်မှာ စက်မှုဇုန်သစ်တွေ ထပ်မံပေါ်ထွက်ဖို့ရှိနေခြင်းဟာဆိုရင် ပြည်သူတွေအတွက်ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အလုပ်လက်မဲ့လူဦးရေ လျော့ကျလာနိုင်ပြီး စီးပွားရေးအခွင့်အလမ်းသစ်တွေပေါ်ထွက် လာနိုင်ပါတယ်။ Ref : Myanmar Builders Guide Photo Credit : Novinite Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties