By The Voice Weekly, Shweproperty.com
Updated at 4 March 2012
မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ကွန်ဒို တိုက်ခန်းဈေးနှုန်းများ လေးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သော ၂၀၀၈ ခုနှစ်အတွင်းက ကျပ်သိန်း ၉၀၀၊ ၁၀၀၀ ခန့်ဈေးပေါက်ခဲ့သော ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်ရှိ ကွန်ဒိုတိုက်ခန်းဈေးနှုန်းသည် လက်ရှိတွင် ကျပ်သိန်း ၁၇၀၀ မှ ကျပ် ၁၈၀၀ ခန့် ဈေးမြင့်တက်လာကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ဒဂုံမြို့နယ်မှာ ကွန်ဒိုသိန်း ၁၃၀၀ လောက်နဲ့ရရင် မြေ၀ယ်မယ်ဆို တောင်ဥက်ကလာပလောက်မှာပဲရမယ်။ မြို့ထဲနဲ့ အလှမ်းဝေးတယ်။ မြေတန်ဖိုးနဲ့ ယှဉျရင် သွားရေးလာရေး အဆင်ပြေ၊ လုံခြုံစိတ်ချရမှုရှိပြီး လက်တင်နေလို့တဲ့ ကွန်ဒိုကိုပဲ ရွေးလာကြတယ်” ဟု ယူနီတီ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း တာဝန်ရှိသူ ဦးဇော်ဇော်က ပြောကြားသည်။
လွန်ခဲ့သည့် လေးနှစ်ဝန်းကျင်ခန့်မှစ၍ ရန်ကုန်မြို့တွင်း၌ ကွန်ဒိုတည်ဆောကိမှု အဆမတန်များပြားလာရာ လက်ရှိဆောက်လုပ်ရေးလောကတွင် နာမည်ရလျက်ရှိသော ဆောက်လုပ်ရေး ကုမ်ပဏီကြီးတစ်ခုတည်းကပင် အချိန်ငါးနှစ်ခန့်အတွင်း ရန်ကုန်မြို့တွင် ကွန်ဒိုနှင့် အထပ်မြင့်အိမ်ရာ ၂၀၀ ကျော်ခန့် တည်ဆောက်ပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းနှင့် ကွန်ဒိုပေါက်ဈေးသည် တန်းတူခန့် ဈေးပေါက်လျက်ရှိရာမှ လက်ရှိတွင် ကွန်ဒိုပေါက်ဈေးသည် တိုက်ခန်းပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းခန့် ဈေးမြင့်လာကြောင်း ဦးဇော်ဇော်က ပြောကြားသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေများကို လာရောက်လေ့လာသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ ပြည်တွင်း၌ လနှင့်ချီနေထိုင်ကြမည်ဖြစ်ရာ ကွန်ဒိုများတွင် ငှားရမ်းနေထိုင်မှုများသဖြင့် လာမည့်စီးပွားရေး ပွင်းလင်းလာချိန်တွင် အဆိုပါ ကွန်ဒိုဈေးကွက်၌ ရင်းနှီးမြှပ်နှံသူ များလာမည်ဖြစ်သည့်အတွက် ယင်းသို့ ကွန်ဒိုဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။
“နာဂစ်နောက်ပိုင်း ကွန်ဒိုဈေးက ရာနှုန်းပြည့်တက်တယ်လို့တောင် ပြောလို့ရတယ်။ အရောင်းအ၀ယ်ကတော့ ၅၀ ရာခိုင်နှုန်းလောက်တက်လာတယ်။ အရောင်းတက်လို့ ဈေးတက်လာတာပေါ့” ဟု အောင်သမာဓိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှာ တာဝန်ရှိသူ ဦးအောင်မြင့်က ပြောကြားသည်။
လက်ရှိ ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်ရှိ ကွန်ဒိုတိုက်ခန်းပေါက်ဈေးသည် အာဆံယံနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းပြီး လူနေမှုအဆင့် မြင့်သော စင်ကာပူနိုင်ငံ ကွန်ဒိုပေါက်ဈေး၏ ထက်ဝက်နီးပါးခန့် ဈေးပေါက်လျက်ရှိကြောင်း နိုင်ငံတကာ အိမ်၊ ခြံ၊ မြေ ဈေးကွက်လေ့လာသူ ဝါရင့်အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။
ဒဂုံမြို့နယ်ရှိ ကွန်ဒိုပေါက်ဈေးသည် တစ်ပေပတ်လည် ကျပ်တစ်သိန်းလေးသောင်းခန့်၊ မရမ်းကုန်းမြို့နယ် ကွန်ဒိုဈေးနှုန်းမှာ တစ်ပေပတ်လည် ကျပ်တစ်သိန်းကျော် ၀န်းကျင်ခန့်နှင့် ရန်ကင်းမြို့နယ် ကွန်ဒိုပေါက်ဈေးမှာ တစ်ပေပတ်လည် ကျပ်တစ်သိန်းတစ်သောင်းခန့် ဈေးပေါက်လျက်ရှိကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties