By Nwe, Shweproperty.com
Updated at 8 October 2019
#Unicode
ရန်ကုန်မြို့တွင် အဆင့်မြင့်ကွန်ဒိုမီနီယမ် တိုက်ခန်းပေါင်း ၉၈၀၀ နီးပါးရှိပြီးတော့ Luxury အခန်းတွေကလွဲရင် ကျန်တဲ့အခန်းတွေ တစ်ရာခိုင်နှုန်းကနေ ခြောက်ရာခိုင်နှုန်းနီးပါးကျဆင်းနေတယ်လို့ ကနေဒါအခြေစိုက် နိုင်ငံတကာအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Colliers International Myanmar ရဲ့ ၂၀၁၉ ခုနှစ်ဒုတိယသုးံလပတ်ဈေးကွက် အစီရင်ခံစာအရသိရပါတယ်။
၂၀၁၉ ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီကွန်ဒိုတိုက်ခန်းပေါင်း ၁၀၅၅၃ ခန်းရှိမယ်လို့မျှော်မှန်းထားသော်လည်း တည်ဆောက်ရေးကြံ့ကြာမှုကြောင့် ၂၀၁၉ ခုနှစ်ဒုတိယသုံးလပတ်အထိ အခန်းပေါင်း ၉၇၆၀ ဝန်းကျင်သာတည်ဆောက်နိုင်ခဲ့ပါတယ်။ အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားကျဆင်းမှုကြောင့် အရည်အသွေးမြင့်ပြီး ဈေးကြီးပေးဝယ်ရတဲ့ကွန်ဒိုတိုက်ခန်းတွေထက် ဈေးနှုန်းသင့်တင့် ပြီးအလယ်လတ်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေ ပိုမိုအရောင်းသွက်လာခဲ့ပါတယ်။ ငွေးကြေးကြွယ်ဝသူတွေရဲ့ ဝယ်လိုအားကြောင့် Luxury အခန်းတွေကတော့ ဈေးနှုန်းမြင့်မားနေဆဲပါ။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တွင်မှုဝါဒအပြောင်းအလဲဖြစ်ပေါ်ခဲ့တာကြောင့် အထပ်မြင့်အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်မှုနှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေနဲ့ ၂၀၁၈ ခုနှစ် တတိယသုးံလပတ်ကာလအထိ ကွန်ဒိုမီနီယမ် တိုက်ခန်းအထပ်မြင့်အဆောက်အအုံများ အသစ်ထွက်ရှိမှုလျော့နည်းခဲ့တာကြောင့် ၂၀၁၈ ခုနှစ် အတုထ္ထသုးံလပတ်ကနေ ၂၀၁၉ ခုနှစ်နှစ် ဒုတိယသုးံလပတ်အထိဝယ်လိုအားများကျဆင်းလာခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒုတိယသုးံလပတ်အတွင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီနီယံဈေးကွက်တွင် အနိမ့်ဆုးံဈေးနှုန်း ဒေါ်လာ ၉၄၀၀၀ ဝန်းကျင်ကနေ အမြင့်ဆုးံ ဈေးနှုန်း ၉၁၃၀၀၀ ကျော်ထိဖြစ်ပေါ်ခဲ့ပြီးတော့ ကြိုတင်ငွေပေးသွင်းမှုစနစ်နဲ့ ပျမ်းမျှဝယ်ယူမှုကတော့ ၂၀၁၆ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်ပထမသုးံလပတ်အတွင်းမှာတော့ ၅၂ ရာခိုင်းနှုန်းထိကျဆင်းခဲ့ ပါတယ်။
မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီနီယမ် တိုက်ခန်းတွေအနက် အလယ်အလတ်အဆင့် ၁၄ ရာခိုင်နှုန်း၊ အလယ်အလတ်ထက်အဆင့်မြင့်သောအဆင့် ၃၇ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့်မြင့် ၃၆ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၂ ရာခိုင်နှုန်းရှိကြောင်း Colliers International Myanmar ရဲ့တွက်ချက်မှုများအရသိရပါတယ်။
#Zawgyi
ရန္ကုန္ၿမိဳ႕တြင္ အဆင့္ျမင့္ကြန္ဒိုမီနီယမ္ တိုက္ခန္းေပါင္း ၉၈၀၀ နီးပါးရွိၿပီးေတာ့ Luxury အခန္းေတြကလြဲရင္ က်န္တဲ့အခန္းေတြ တစ္ရာခို္င္ႏႈန္းကေန ေျခာက္ရာခိုင္ႏႈန္းနီးပါးက်ဆင္းေနတယ္လို႔ ကေနဒါအေျခစိုက္ ႏိုင္ငံတကာအိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္းတစ္ခုျဖစ္တဲ့ Colliers International Myanmar ရဲ႕ ၂၀၁၉ ခုႏွစ္ဒုတိယသုးံလပတ္ေစ်းကြက္ အစီရင္ခံစာအရသိရပါတယ္။
၂၀၁၉ ခုႏွစ္အတြက္ ရန္ကုန္ၿမိဳ႕တြင္ ႏိုင္ငံတကာအဆင့္မီကြန္ဒိုတို္က္ခန္းေပါင္း ၁၀၅၅၃ ခန္းရွိမယ္လို႔ေမွ်ာ္မွန္းထားေသာ္လည္း တည္ေဆာက္ေရးၾကံ့ၾကာမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ဒုတိယသုံးလပတ္အထိ အခန္းေပါင္း ၉၇၆၀ ဝန္းက်င္သာတည္ေဆာက္ႏိုင္ခဲ့ပါတယ္။ အိမ္ျခံေျမေစ်းကြက္တြင္ ဝယ္လိုအားက်ဆင္းမႈေၾကာင့္ အရည္အေသြးျမင့္ၿပီး ေစ်းၾကီးေပးဝယ္ရတဲ့ကြန္ဒိုတိုက္ခန္းေတြထက္ ေစ်းႏႈန္းသင့္တင့္ ျပီးအလယ္လတ္ရွိတဲ့ ကြန္ဒိုတိုက္ခန္းေတြ ပိုမိုအေရာင္းသြက္လာခဲ့ပါတယ္။ ေငြးေၾကးၾကြယ္ဝသူေတြရဲဲ႕ ဝယ္လိုအားေၾကာင့္ Luxury အခန္းေတြကေတာ့ ေစ်းႏႈန္းျမင့္မားေနဆဲပါ။
ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တြင္မႈဝါဒအေျပာင္းအလဲျဖစ္ေပၚခဲ့တာေၾကာင့္ အထပ္ျမင့္အေဆာက္အအုံမ်ား လုပ္ငန္းေဆာင္ရြက္မႈေႏွာင့္ေႏွးခဲ့ရၿပီး အက်ိဳးဆက္အေနနဲ႔ ၂၀၁၈ ခုႏွစ္ တတိယသုးံလပတ္ကာလအထိ ကြန္ဒိုမီနီယမ္ တိုက္ခန္းအထပ္ျမင့္အေဆာက္အအုံမ်ား အသစ္ထြက္ရွိမႈေလ်ာ့နည္းခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္ အတုထၳသုးံလပတ္ကေန ၂၀၁၉ ခုႏွစ္ႏွစ္ ဒုတိယသုးံလပတ္အထိဝယ္လိုအားမ်ားက်ဆင္းလာခဲ့တာျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ ဒုတိယသုးံလပတ္အတြင္း ရန္ကုန္ၿမိဳ႕ရွိ ႏို္င္ငံတကာအဆင့္မီ ကြန္ဒိိုမီနီယံေစ်းကြက္တြင္ အနိမ့္ဆုးံေစ်းႏႈန္း ေဒၚလာ ၉၄၀၀၀ ဝန္းက်င္ကေန အျမင့္ဆုးံ ေစ်းႏႈန္း ၉၁၃၀၀၀ ေက်ာ္ထိျဖစ္ေပၚခဲ့ျပီးေတာ့ ၾကိဳတင္ေငြေပးသြင္းမႈစနစ္နဲ႔ ပ်မ္းမွ်ဝယ္ယူမႈကေတာ့ ၂၀၁၆ ခုႏွစ္တြင္ ၅၃ ရာခို္င္ႏႈန္း၊ ၂၀၁၇ ခုႏွစ္တြင္ ၆၀ ဒသမ ၅ ရာခိုင္ႏႈန္း၊ ၂၀၁၈ ခုႏွစ္တြင္ ၈၅ ရာခိုင္ႏႈန္း အသီးသီးရရွိခဲ့ျပီးေတာ့ ၂၀၁၉ ခုႏွစ္ပထမသုးံလပတ္အတြင္းမွာေတာ့ ၅၂ ရာခိုင္းႏႈန္းထိက်ဆင္းခဲ့ ပါတယ္။
ျမန္မာႏိုင္ငံရွိ ႏိုင္ငံတကာအဆင့္မီ ကြန္ဒိုမီနီယမ္ တိုက္ခန္းေတြအနက္ အလယ္အလတ္အဆင့္ ၁၄ ရာခိုင္ႏႈန္း၊ အလယ္အလတ္ထက္အဆင့္ျမင့္ေသာအဆင့္ ၃၇ ရာခိုင္ႏႈန္း၊ အရည္အေသြးျမင့္အဆင့္ျမင့္ ၃၆ ရာခို္င္ႏႈန္း၊ ဇိမ္ခံအရည္အေသြးအဆင့္ ၁၂ ရာခိုင္ႏႈန္းရွိေၾကာင္း Colliers International Myanmar ရဲ႕တြက္ခ်က္မႈမ်ားအရသိရပါတယ္။
Written By : Nwe (ShweProperty.com)
Photo Credit : nikkei
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties