By Democracy Daily, Shweproperty.com
Updated at 25 February 2015
ရန်ကုန် မြို့အတွင်း မြို့ပြလူနေမှုနှင့် ယဉ်ကျေး မှုကို ထိခိုက်စေနိုင်သည့်အဆောက် အအုံများနှင့်ဆောက်လုပ်ရေးစီမံ ကိန်းများ ဆောက်လုပ်ခွင့်ပြုနေခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်အ တွင်း မေးခွန်းထုတ်ခဲ့ပြီး အဆောက် အအုံများ ဆောက်လုပ်ခွင့်ပေးနေ သည့်နည်းဥပဒေများသည် လက်ရှိ ခေတ်နှင့်မကိုက်ညီတော့ဟု ပြောဆို လိုက်သည်။ ဖေဖော်ဝါရီ ၁ဝရက်တွင်ကျင်း ပသည့်ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ရန်ကုန်မြို့၏လက်ရှိ အဆောက်အအုံဆောက်လုပ်သည့် ပုံစံများနှင့် စီမံကိန်းများအပေါ် လွှတ် တော်အတွင်း ယင်းကဲ့သို့မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ”ယနေ့စီးပွားရေးမြို့တော်အ ဖြစ်တည်ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ ပြည်တွင်း ခန့်မှန်းချက်အရ လူဦး ရေခြောက်သန်းကျော်ပါတယ်။ အီကိုနောမစ် စာစောင်ရဲ့ရေးသားချက် အရဆိုရင် ၇ ဒသမ ၄သန်းကျော် ထိလူဦးရေ များပြားနေပါတယ်။ လူ ဦးရေသိပ်သည်းဆ ဘယ်လောက်ထိများပြားသလဲ ဆိုရင် အချို့မြို့နယ် တွေမှာ မြေတစ်ဟက်တာကို လူဦးရေတစ်ထောင်ကျော် ရှိနေပါတယ်။ဟောင်ကောင်လိုနေရာမျိုးမှာတောင် လူဦးရေ ၆၀ဝလောက် ပဲရှိပါတယ်။အဲဒီလိုရှိနေတာတောင် မြို့ပြအင်္ဂါ ရပ်နဲ့မကိုက်ညီတဲ့ အဆောက် အအုံ များဆောက်နေပါတယ်။ ယဉ်ကျေး မှုထိန်းသိမ်းရမယ့် ရွှေတိဂုံစေတီတော် အပါအဝင်သမိုင်းဝင်နေရာများကို ထိခိုက်နိုင်တဲ့ ဆောက် လုပ်ရေးလုပ် ငန်းများကလဲ အများအပြားဖြစ်နေ ပါတယ်။ အကျိုးဆက်ကတော့ အား လုံးသိတဲ့အတိုင်းပဲ လမ်းတွေရေလျှံ တယ်။ ကားရပ်ဖို့နေရာမရှိဘူး၊ မီး လောင်ရင်ပြေးလမ်းမရှိတော့ဘူး၊ အဲဒီ အပြင် ကျန်းမာရေးတွေထိခိုက် ပြီး တော့ လူနေမှုအဆင့်အတန်းတွေ ထိပါးနေပါတယ်”ဟု ဦးသိန်းညွန့် ကပြောသည်။ ယင်းကဲ့သို့ဖြစ်စဉ်များကြောင့် လက်ရှိရန်ကုန်မြို့ပြလူနေမှုကို အန္တရာယ်ဖြစ်စေပြီး မြို့ပြသာယာရေး၊ ဖွံ့ ဖြိုးရေးကို ခြိမ်းခြောက်လာသည့် ရန်ကုန်မြို့၏ အရေးကြီးနေရာများ ၌ ဆောက်လုပ်နေသည့် စီမံကိန်းများ နှင့် လူနေအဆောက်အအုံများပြည့် ကျပ်နေပြီး မြေလွတ်မကျန်သည့် ဆောက် လုပ်ရေးစီမံကိန်းများ၊ အရည် အသွေးမမီသော ဆောက်လုပ်ရေး စီမံကိန်းများကို လတ်တလော ဆိုင်းငံ့ ထားရန် အစီအစဉ်ရှိမရှိ ရန်ကုန်မြို့ အား မြို့ပြဖွံ့ဖြိုးမှုစနစ်တကျ ဖြစ်စေ ပြီး ရေရှည်တည်တံ့သော မြို့ပြစီမံ ခန့်ခွဲမှုအတွက် ပညာရှင်များပါဝင် သော ကောင်စီတစ်ရပ်ဖွဲ့စည်းပြီး စီမံ ကိန်းများကို အသေအချာပြန်လည် စိစစ်မည့် ထိန်းချုပ်ကွပ်ကဲခြင်းကို အမြန် ဆောင်ရွက်ရန်အစီအစဉ်ရှိ မရှိ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအ တွက် ရေရှည်စနစ်တကျ ထိန်းချုပ် မည့် စည်းမျဉ်းများ တိတိကျကျခိုင် ခိုင်မာမာရေးဆွဲပြဋ္ဌာန်းနိုင်ရန်နှင့်မြေ အသုံးချမှု၊ အဆောက်အအုံအမြင့် ကန့်သတ်မှုဇုန်များ၊ အစီအမံများအ တည်ပြုပြဋ္ဌာန်းရန် အစီအစဉ်ရှိမရှိ ကို လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့သည်။ ထိုသို့မေးခွန်းထုတ်ပြောဆိုမှု အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ကိုယ်စားသမ္မတရုံးဝန်ကြီးဌာန (၄)မှ ဒုတိယဝန်ကြီးဦးအောင်သိမ်း က”ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအနေဖြင့် အရည် အသွေးမပြည့်မီသော အဆောက် အအုံများကို စိစစ်တွေ့ရှိပါက လုပ်ငန်း ရပ်ဆိုင်းစေပြီးဖြိုဖျက်၍ ပြင်ဆင်စေခြင်း၊ ပြုပြင်ခြင်းများလိုအပ်သလို ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ရန်ကုန် မြို့တော်မြေအသုံးချမှုဇုန်ခွဲခြားသတ် မှတ်မှုနှင့်အဆောက်အအုံအမြင့်ကန့် သတ်သည့်အစီအမံများကို အတည် ပြုပြဋ္ဌာန်းရန်စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြန်လည်ပြောကြား သည်။ ယင်းသို့သက်ဆိုင်ရာ အစိုးရအ ဖွဲ့၏ဖြေကြားချက်အပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က”အဓိကပြဿနာရဲ့အချုပ် ကတော့ ရန်ကုန်မြို့ရဲ့ လက်ရှိအ ဆောက်အအုံတွေကို ဆောက်လုပ် ခွင့်ပေးနေတဲ့နည်းဥပဒေတွေဟာ လက်ရှိမြို့ပြအဆောက်အအုံနဲ့မြို့ ပြလူနေမှု ဝန်းကျင်ပုံစံနဲ့မကိုက်ညီ တော့ပါဘူး။ ဒါကြောင့် ပြည်ထောင် စုအစိုးရနဲ့တိုင်းဒေသကြီးအစိုးရ ကနေ မြို့ပြအစီအမံများ ထိန်းချုပ်မှုကို ပညာရှင်များပါဝင်တဲ့ကောင်စီ ဖွဲ့စည်းပြီး ဘယ်အချိန်မှာ အကောင် အထည်ဖော်နိုင်မှာလဲဆိုတာ သိ ချင်ပါတယ်”ဟု ထပ်ဆင့်မေးခွန်းထုတ် ခဲ့သော်လည်း ဒုတိယဝန်ကြီးဦး အောင်သိမ်းက သက်ဆိုင်ရာတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံပြန်လည် တင်ပြပြီး နောင်တစ်ချိန်တွင် ပြန် လည်ဖြေကြားပေးမည်ဟု လွှတ် တော်အတွင်း ပြောကြားခဲ့သည်။ ရန်ကုန်မြို့အတွင်းရှိ မြို့နယ် အသီးသီးတွင် အဆောက်အအုံ များ ဆောက်လုပ်ရာတွင် မြို့တော်စည်ပင် ၏ခွင့်ပြုချက်မရှိဘဲဆောက်လုပ် သည့်အဆောက်အအုံများ၊ သတ် မှတ်အဆောက်အအုံအမြင့်ထက် ပို မိုတိုးမြှင့်ဆောက်လုပ်ခြင်းအပြင် အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်စည်းကမ်းများကို မလိုက် နာမှုများမှာ များစွာဖြစ်ပေါ်နေ ကြောင်း သိရသည်။
Ref : Democracy Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties