By Sint Sint, Shweproperty.com
Updated at 22 September 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများအနေ ဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံး ဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့( စက်တင်ဘာ ၂၀)ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။
အမိန့်သည် စက်တင်ဘာ ၂၁ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်ကြောင်းလည်း ဖော်ပြထားပြီး Stay at Home အစီအစဉ်တွင် အကျုံး ဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များရှိ ပြည်သူများ လိုက်နာရန် စည်း ကမ်းချက်များလည်း ထုတ်ပြန်ထားသည်။
ယင်းစည်းကမ်းချက်များမှာ-
-နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက် စေရေး အကြောင်းကြားချက်အတိုင်း ဆောင်ရွက်ရန်၊
-ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊
- စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင်တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊
- အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊
- ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀
ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန်၊
- မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ (င) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
- နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
- တာဝန်ထမ်းဆောင်ရန် သွားရောက်ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
- ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် တို့ဖြစ်သည်။
အဆိုပါ ကိစ္စရပ်များတွင်သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်း ကောင်း ဝင်/ထွက်ခွင့်မပြုရန် ပါရှိပြီး အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties