ပြည်တွင်းမှ လျှောက်ထားသည့်ကုမ္မဏီများတွင် Max Myanmar Co Ltd၊ A&H Development Co Ltd၊ Bagan Business Group Construction၊ Capital Development Co Ltd၊ China CAMC Engineering Co Ltd၊ Diamond palace Group၊ Ei Mon Construction၊ Future Creator Group၊ ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီ၊ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီများနှင့် အခြားကုမ္မဏီများစွာက စိတ်ဝင်တစား လျှောက်ထားကြကြောင်း သိရသည်။
သြဂုတ်လတွင် အရည်အသွေးပြည့်မှီစေရန် အခြေခံစစ်ဆေးမှုများ (Requests For Qulification) ထပ်မံတောင်းခံမည်ဖြစ်ပြီး ၊ ထို့နောက် ယခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း စီမံကိန်းအဆိုပြုလွှာ (Requests For Proposal)ကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။