By 7 Days, Shweproperty.com
Updated at 23 February 2015
ရပ်ကွက်များအတွင်း အထပ်မြင့် ကန်ထရိုက်တိုက် တည်ဆောက်လိုသူနည်းပါးလာ သဖြင့် မြေရှင်များ အခက်ကြုံနေ ကြောင်း သတင်းရရှိသည်။
‘‘အရင်ကဆိုမြေရှင်ကို ကန်ထရိုက်က လိုက်တဲ့ခေတ် အခု မြေရှင်က ကန်ထရိုက်ကို ပြန် လိုက်နေရတယ်’’ဟု စမ်းချောင်း မြို့နယ်မှ မြေဧကဝက်တွင် အ သေးစားကွန်ဒိုတည်ဆောက်လို သူ မြေပိုင်ရှင်တစ်ဦးက ပြော သည်။
အချို့သော ဆောက်လုပ် ရေးကုမ္ပဏီငယ်လေးများမှာ လုပ် ငန်းရပ်နားထားခြင်း၊ ထပ်မံတည် ဆောက်ရန် မြေရှင်များနှင့် စာချုပ်မချုပ်ဆိုနိုင်တော့ဘဲ လုပ်ငန်းကို စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း အာရှနဂါးဆောက်လုပ်ရေးကုမ္ပ ဏီပိုင်ရှင် ဦးနေဝင်းမြင့်က ပြောကြားသည်။
ကြိုပွိုင့်တိုက်ခန်းဈေးကွက် ငြိမ်သက်သွားခြင်း၊ အခွန်ကောက်ခံမှုများ ကြပ်မတ်လာခြင်း၊ စည်ပင်မှ တည်ဆောက်မည့် ဆောက် လုပ်ရေး လုပ်ငန်းရှင်များအပေါ် စည်းကမ်းကြပ်မတ်မှုများ မြင့် တက်လာခြင်းတို့ကြောင့် ဆောက် လုပ်လိုသူ ကန်ထရိုက်တာများ လျော့နည်းလာခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်း ရှင်များမှာ ကြိုပွိုင့်မှရသည့် ငွေ များဖြင့် တိုက်ခန်းကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်သော ကြောင့် အခန်းရောင်းချရမှုလျော့ နည်းလာသဖြင့် တည်ဆောက်ရန် ငွေမလည်ပတ်နိုင်သောကြောင့် ထပ်မံဆောက်လုပ်ရန် အခက် တွေ့လာခြင်း ဖြစ်သည်။
‘‘လှိုင်ဘက်မှာဆို ကန်ထ ရိုက်ဆောက်ဖို့ မြေရှင်တွေ တန်းစီနေတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေ က အရင်လို မရဲတော့ဘူး’’ဟု အထက်ပါအကျိုးဆောင်က ရှင်းပြသည်။
Ref : 7Days Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties