By Messenger, Shweproperty.com
Updated at 15 September 2015
နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်သော ရန်ကုန်ဆေးရုံကြီးသည် ခံနိုင်ဝန်အား မမျှတော့သဖြင့် ဆေးရုံအသစ် ထပ်ဆောက်ကာ ယင်းအဆောက်အအုံကြီးကို ဆေးတက္ကသိုလ် သင်တန်း ခန်းမနှင့် ဆေးပညာပြတိုက် ဖွင့်ရန် အစီအစဉ်ချမှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က The Messenger Media သို့ ပြောသည်။
ဝန်ထမ်းဟောင်း အဆောက်အအုံကို ဖြိုဖျက်ကာ (၁၂)ထပ်ရှိသည့် ဆေးရုံ တစ်ရုံ ဆောက်လုပ်သွားရန် အစီအစဉ် ချထားကြောင်း သိရသည်။
''အခု သူ့ရှေးဟောင်း လက်ရာမပျက် ပြင်နေတယ်။ ပိုက်ဆံလည်း အရမ်းကုန်တာပဲ။ ပြင်ပြီးရင် ကျွန်တော် စိတ်ကူးတာက ပြတိုက်တစ်ခုလုပ်မယ်။ ပြီးတော့ ဆေးတက္ကသိုလ်ရဲ့ သင်တန်းခန်းမတွေ လုပ်မယ်။ ဖြစ်နိုင်ရင်တော့ WHO ရဲ့ အောက်က အေဂျင်စီတွေကို ငှားမယ်။ ရတဲ့ပိုက်ဆံကို နိုင်ငံတော်ကိုသွင်း။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ငှားနေတဲ့ ပိုက်ဆံက ကျွန်တော်တို့ရတဲ့ grant လေ။
ကျွန်တော်တို့ရတဲ့ ပိုက်ဆံထဲကနေ သုံးပစ်လိုက်တာ။ သူတို့ အိတ်ထဲက စိုက်တာ မဟုတ်ဘူး။ ရတဲ့ grant ကို သူတို့ အိမ်ငှားစရိတ်၊ ဝန်ထမ်းစရိတ် နုတ်လိုက်တာ။ နုတ်လိုက်တော့ ဘာမှ မကျန်တော့ဘူး။ နိုင်ငံတော်ကလည်း WHO အသင်း ဝင်ကြေးပေးရတာ ရှိတယ်'' ဟု ၎င်းက ပြောသည်။
ရန်ကုန်ဆေးရုံကြီးမှာ၁၉၀၆ခုနှစ်ကစတင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ကာ ယင်းအဆောက်အအုံကြီး စတင် တည်ဆောက်စဉ်က လူနာပေါင်း (၃၆၅)ဦး အတွက် ရည်ရွယ်ကာ ဆောက်လုပ် ထားခဲ့သော်လည်း၊ယခုအခါတွင်ယင်းအဆောက်အအုံကြီး ပေါ်၌ လူနာပေါင်း (၁၅၀၀) ခန့် ရှိနေသဖြင့် လူနာတစ်ဦးလျှင် လူနာစောင့် တစ်ဦးနှုန်းဖြင့် တွက်ပါက လူနာစောင့် (၁၅၀၀) ဦးနှင့် ဝန်ထမ်းပေါင်း (၁၅၀၀) ဦး ရှိသောကြောင့် ယင်းအဆောက်အအုံပေါ်တွင် စုစုပေါင်း လူပေါင်း (၄၅၀၀) ခန့် ရှိနေကြောင်း သိရသည်။
ထို့အပြင်မိုးရာသီတွင် ဆေးရုံတည်ရှိရာ မြေအောက်တွင် ရေဝင်မှုများရှိသဖြင့်ယခင်က ဘင်းများပတ်ထားသော်လည်း ဆေးရုံကြီးမှာတဖြည်းဖြည်းနိမ့်ဆင်းမှုများရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
''ကျွန်တော့် တစ်ယောက်တည်း အမြင်ကတော့ ဆေးရုံအဖြစ် ထားမယ်။ နောက်ဟိုဘက်က လူနာတွေနဲ့ ဝန်ထမ်းတွေ အတွက် ထားပေးမယ်ဆိုရင် ဘာပဲပြောပြော ကောင်းတဲ့ကိစ္စပါပဲ။ အဓိကကတော့ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက် ကျမလားပေါ့။ ဒီအစိုးရ နောက်အစိုးရရယ် မဟုတ်ဘူး။ ကောင်းတဲ့ ကိစ္စဆိုရင် ဆက်လုပ်ရမှာ။ နံပါတ်တစ်က ပြည်သူတွေ အတွက် အကျိုးရှိမယ်။ နံပါတ်နှစ်က ရှေးဟောင်း အမွေအနှစ်ကိစ္စ ဒါတွေနဲ့ တွဲလုပ်ရမှာ။ ဘတ်ဂျက်ဆက်ရရင် ဒါတွေ ဆက်လုပ်ရမှာ'' ဟု NLD ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံများကို အဆင့်တိုးမြှင့်ရန် စီစဉ်လျက် ရှိပြီး(၂၄) မိုင်ဝန်းကျင်တွင် ဆေးရုံတစ်ရုံ ထားရှိရန် ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း သိရသည်။
အစိုးရသစ် လက်ထက်တွင် ကျန်းမာရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ(၆၅၂) ဘီလီယံကျော် အသုံးပြုခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ (၇၀၈) ဘီလီယံကျော် အသုံးပြုရန် ပြည်ထောင်စု အစိုးရက ဘတ်ဂျက်ခွဲေ၀ ချထားသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties