By 7daydaily, Shweproperty.com
Updated at 10 August 2015
ရန်ကုန်မြို့တွင် လက်ရှိ အချိန်အထိ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများတည်ဆောက် ရန် အဆောက်အအုံ ၈၇ လုံးခွင့် ပြုထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ သတင်းရရှိသည်။
၁၃ ထပ်နှင့်အထက် အ ဆောက်အအုံများဖြစ်သည့်အ တွက် ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်လာမည့် အဆောက်အအုံများပါဝင်လာပြီး ယင်းတို့အနက် အမြင့် ဆုံးအနေဖြင့် တာမွေမြို့နယ်မှ မြန်မာ့စီးပွားရေးဦးပိုင်မြေတွင် တည်ဆောက်မည့် အဆောက် အအုံမှာ ၃၄ထပ်အဆောက်အအုံ ပါဝင်လာကြောင်း အင်ဂျင်နီယာ နှင့်အဆောက်အအုံဌာနမှ ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြထား သည်။ အချို့အဆောက်အအုံများ မှာ ၂၄ ထပ်၊ ၃၂ထပ်ဟူ၍ အမျိုးမျိုးတည်ဆောက်ရန် ခွင့်ပြုချက်ရရှှိထားပြီး ထိပ်တန်းဆောက်လုပ် ရေးကုမ္ပဏီများဖြစ်သည့် FMI၊ရွှေတောင်၊ အေဝမ်း၊ ဒဂုံအင်တာနေရှင်နယ်၊ အေးရှားဝေါကုမ္ပဏီ များမှအထပ် မြင့်အဆောက်အအုံ များ ပါဝင်လာသည်။
အဆောက်အအုံအချို့သည် ခွင့်ပြုချက်ရပြီး၍ စတင်တည်ဆောက်မှုအချို့ရှိနေပြီး အချို့အဆောက်အအုံများမှာမူ ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း စီမံကိန်းမစတင်နိုင်သေးကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်မြို့လယ် ကောင်မှ ဝန်ကြီးဌာနမြေတွင် အ ထပ်မြင့်အဆောက်အအုံများ အ ကောင်အထည်ဖော်ရန် ပုဂ္ဂလိက ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင် သည့် စီမံကိန်းများလည်းပါဝင် လာခဲ့သည်။ ထင်သာမြင်သာရှိ သည့် စီမံကိန်းများအဖြစ် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့် ပါဝင်သည့် ဗီယက်နမ်မှ HAGL စီမံကိန်း၊ လူအများစုစိတ်ဝင်စား နေသည့် ရွှေနန်းတော် စိန်ရွှေရ တနာဆိုင်မှ တည်ဆောက်မည့် 68 residence ၊ FMI ကုမ္ပဏီမှ တည်ဆောက်နေသည့် ကြယ်စင် အိမ်ရာစီမံကိန်းအပိုင်း (၃) တို့ပါ ဝင်လာခဲ့သည်။
ကြီးမားသည့်စီမံကိန်းများ ဖြစ်သော်လည်း လက်ရှိဆောက် လုပ်ရေးလောကတွင် ဈေးကွက်ဝယ် လိုအားလျော့ကျခြင်းကြောင့် အရောင်းထိုင်းနေချိန်၌ လုပ်ငန်း ရှင်ကြီးများပိုင်ဆိုင်သည့် ဆောက် လုပ်ရေးစီမံကိန်းကြီးအချို့မှာ ငွေကြေးလည်ပတ်မှုနည်းလာသ ဖြင့် တည်ဆောက်မှုမစတင်နိုင် သည့် စီမံကိန်းများလည်းရှိ ကြောင်း ဆောက်လုပ်ရေးလော က အသိုင်းအဝိုင်းတွင် သတင်း များထွက်ပေါ်လျက်ရှိသည်။
အချို့ဆောက်လုပ်ရေးလုပ် ငန်းများသည် လုပ်ငန်းရှင်ကိုယ် တိုင်ငွေမလည်ပတ်သဖြင့် ဘဏ် ချေးငွေဖြင့် ဆက်လက်တည် ဆောက်နေပြီး အချို့လုပ်ငန်းများ သည် ဟန်ပြသာဖြစ်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ် ဦးကပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၃နှစ်အတွင်း အထပ်မြင့်အဆောက်အအုံ တည်ဆောက်ခွင့် ပမာဏအများဆုံး ခွင့်ပြုခဲ့သည်။
ရန်ကုန်တွင် အထပ်မြင့်အ ဆောက်အအုံများတည်ဆောက် ခြင်းကို ရန်ကုန်မြို့၏ ကန့်သတ် ထားသော ၁၅ နေရာမှလွဲပြီးကျန် သည့်နေရာများတွင် ဆောက် လုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာက ညွှန်ကြား ထားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties