By 7daydaily, Shweproperty.com
Updated at 23 September 2016
ရန်ကုန်မြို့တွင် နေအိမ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ အခိုင်အမာတည်ဆောက်ထားသော အိမ်များဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ ခိုင်မာမှုအားနည်းသည့် တဲအိမ်အမျိုးအစားများဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက် နိုင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ တွင် ကောက်ခံခဲ့သော သန်းခေါင်စာ ရင်းမှ အချက်အလက်များဖြစ်ပြီး အထူးသဖြင့် အတည်တကျနေထိုင်ခြင်းမရှိဘဲ ကျူးကျော်နေထိုင်သူပမာဏမှာ နှစ်စဉ်တိုးပွားနေကာ ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူ လေးသိန်းမှ ခြောက်သိန်းခန့်ရှိသည်ဟု ဦးသက်နိုင်က ပြောသည်။
ဆင်ခြေဖုံးရပ်ကွက်များမှာ တစ်နှစ်၊ ၂ နှစ်အတွင်း သာမန်ပျဉ် ထောင်အိမ်များမှ ကန်ထရိုက် တိုက်သို့ ပြောင်းလဲတည်ဆောက် လာသည့်အရေအတွက် အသိသာဆုံးများပြားလာခဲ့ကြောင်း မြမြင့်မိုရ် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်ဆွေက ပြောသည်။
‘‘ဈေးကွက်ကြောင့် လုံးချင်း တွေကနေ ကန်ထရိုက်တိုက်တွေ ပြောင်းကုန်တာ ရပ်ကွက်တွေထဲ အရမ်းသိသာတယ်’’ဟု ဦးမြင့်ဆွေက ဆိုသည်။
သို့သော် အရေအတွက်များ ပြားလာသည့် ကန်ထရိုက်တိုက် များ၏ အရည်အသွေးကိုမူ မေး ခွန်းထုတ်ရဖွယ်ရှိသည်ဟု ဆို သည်။ ရန်ကုန်မြို့တွင် အခြေချနေထိုင်သည့် လူဦးရေအရ အိမ်ငှားရမ်းပြီး နေထိုင်ရမှုမှာ ၃၅ ရာခိုင်နှုန်းရှိပြီး အိမ်ပိုင်နေထိုင်နိုင်သည့် လူဦးရေမှာ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စစ်တမ်းပြုလုပ်ကာ ထုတ်ပြန်ထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties