By 7day daily, Shweproperty.com
Updated at 29 April 2013
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲခြင်း ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးဒေါက်တာ ကျော်လတ်က ပြောသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ရန်ကုန်မြို့တော် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့နှင့် မြို့ပြပညာရှင်များ စုစည်းရေးဆွဲလျက်ရှိသည့် အထက်ပါစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှ ဌာနမှူးဦးတိုးအောင်က ယနေ့ပြောသည်။
စီမံကိန်းကို အပိုင်းသုံးပိုင်းဖြင့် ရေးဆွဲလျက်ရှိပြီး မြို့ပြစီမံကိန်း ရေးဆွဲမှုကဏ္ဍ၊မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံရေးဆွဲမှုကဏ္ဍ၊ အခြေခံသတင်းအချက်အလက်နှင့် လူမှုရေးကဏ္ဍဟူ၍ ခွဲခြားရေးဆွဲလျက်ရှိသည်။မြို့၏ဧရိယာတိုးချဲ့မှုနှင့်ပတ်သက်၍ တိုးချဲ့မည့်မြေနေရာများကို လူမှုစစ်တမ်းများအကြိမ်ကြိမ် ကောက်ယူလျက်ရှိပြီး တိုးချဲ့မည့်မြို့နယ်များကို စီမံကိန်းရေးဆွဲပြီးမှသာ ထုတ်ပြန်မည်ဖြစ်သည်။
“၂၀၁၃ ဒီဇင်ဘာမှာ ပြီးမယ်လို့ လျာထားပေမယ့် ပညာရှင်တွေ အသည်းအသန်ရေးဆွဲနေကြတာ စောပြီးရင်တောင် ပြီးနိုင်တယ်”ဟု စီမံကိန်းတွင် ပါဝင်ရေးဆွဲနေသူ ပညာရှင်တစ်ဦးက ပြောသည်။
ယင်းစီမံကိန်းကာလ ငါးနှစ်အတွင်းဒေါ်လာသန်း၂၂၀၀ ကျော်ကုန်ကျမည်ဖြစ်၍ ကနဦးဒေါ်လာ သန်း ၅၀၀ ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ယခုနှစ်အတွင်း ငွေချေးမည်ဖြစ်သည်။
ရန်ကုန်မြို့၏ အိမ်ရာမလုံလောက်မှုပြဿနာ၊မြေယာဈေးနှုန်း ကြီးမြင့်မှုပြဿနာများမှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလျက်ရှိပြီး နှစ်စဉ် ရန်ကုန်မြို့တွင် အိမ်ရာအခန်းပေါင်း သုံးသောင်းကျော်လိုအပ်လျက်ရှိသည်။ အမှန်တကယ် တည်ဆောက်ဖြည့်ဆည်းပေးနိုင်မှုမှာ နှစ်စဉ်အိမ်ရာ အခန်းပေါင်း ၇၀၀၀ ကျော်သာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ)မှ ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
Ref : 7day Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties