By Myanmar Builders Guide, Shweproperty.com
Updated at 3 July 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုအား ထပ်မံခွင့်ပြုခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်အခွင့်အလမ်း
အဆိုပါလုပ်ငန်းရှစ်ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနစ်ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ဖြစ်ပြီး ယင်းလုပ်ငန်းများတွင် စက်မှုကဏ္ဍအများဆုံး ပါဝင်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀ဝဝဝ ကျော် ရရှိမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံ
အဆိုပါ ရင်းနှီးမြှုပ်နှံခဲ့သည့်ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများအနေဖြင့် တရုတ်၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် တရုတ် (တိုင်ပေ) တို့က ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။
ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု၊ အစီအမံတာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း၊ တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်သည်။
ပမာဏ
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ကာလတိုဘဏ္ဍာနှစ် ဧပြီလမှစက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်း ၅၅ ခု ခွင့်ပြုခဲ့ကာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁çဝ၉၄ ဒသမ ၇၈၂ သန်းစီးဝင်ခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၌ လုပ်ငန်း ၂၈ ခု ခွင့်ပြုထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၇၁၈ç၆၄၂ ဒသမ ၃၇၉ သန်း စီးဝင်ခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties