By အေးမွန်, Shweproperty.com
Updated at 20 March 2012
အိမ်ခြံမြေဝယ်ရောင်းသမားတချို့က တန်ဖိုးငွေများပြီး ငွေမြုပ်နေတဲ့ သိန်းထောင်ဂဏန်းအကွက် တချိုကို ပြန်ရောင်းထုတ်ပြီး ကျပ် ၁၂ သိန်းကျော်နဲ့ရတဲ့ ဒဂုံမြို့သစ်ဘက်က မြေကွက်တွေကိုဝယ်ပြီး ငွေပြန်မြှုပ်ထားကြတယ်လို့ အကျိုးဆောင်တစ်ချို့ထံက သိရတယ်။
တာမွေမြို့နယ်ရှိ အောင်အကျိုးဆောင်မှ တာဝန်ရှိသူတစ်ဦးက ‘မြို့နယ်တော်တော်များများက အိမ်မြေဈေးကွက်တွေက တက်နေကြတာ၊ အနည်းဆုံးက သိန်း ၅၀ ဝန်းကျင်ပဲ၊ အဲဒီအတွက်ငွေအောင်းထားနိုင်တဲ့ ဝယ်ရောင်းသမားတွေက ဈေးနည်းတဲ့နေရာတွေမှာဝယ်ပြီး ငွေမြှုပ်ထားကြတယ်’ လို့ဆိုပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်း မြို့နယ်တွေရဲ့ ရပ်ကွက်တချို့မှာရှိတဲ့ မြေကွက်ဈေးတွေက ကျပ်ဆယ်သိန်းကျော်နဲ့ရတဲ့ အတွက်ကြောင့်ပါ။
ဒဂုံသီးသန့် အကျိုးဆောင် မဆွေက ‘တောင်ဒဂုံဘက်က ၁၅၀၊ ၁၅၁၊ ၁၅၂ ရပ်ကွက်မှာဆို ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ၁၃ သိန်းလောက်နဲ့ ရသမျှ မြေကွက်တွေကို ဝယ်စုတဲ့သူတွေလဲရှိတယ်’ လို့ဆိုပါတယ်။
အိမ်ခြံမြေ ဝယ်ရောင်းသမား အများစုက ဈေးငြိမ်နေတဲ့အချိန် ဈေးသက်သာတဲ့အချိန်မှာ မြေကွက်တွေ ဝယ်ထားပြီး ဈေးတက်တဲ့အချိန်၊ အဝယ်လိုက်တဲ့အချိန်မှာ ပြန်ရောင်းကြတာပါ။Source : Modern Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties