By 7daydaily, Shweproperty.com
Updated at 28 December 2015
ရန်ကုန်မြို့စွန်မြေကွက် များ ဈေးနှုန်းသည် တစ်လလျှင် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပြီး အရောင်းအဝယ် ကျဆင်းနေ ကြောင်း မြို့စွန်မြို့နယ်များရှိ အိမ် ခြံမြေအကျိုးဆောင်များထံမှ သ တင်းရရှိသည်။
‘‘နှစ်ကုန်ပိုင်း အရမ်းသိသာ လာတယ်။ ငွေဖော်ချင်တဲ့သူတွေ က ဈေးလျှော့ပြီး ထုတ်ရောင်းနေ ကြပေမယ့် ဝယ်မယ့်သူက အရမ်း နည်းသွားတယ်’’ဟု ဒဂုံဆိပ်ကမ်း မြို့နယ်မှ အိမ်ခြံမြေ အကျိုး ဆောင်ကိုမျိုးမြင့်အောင်ကပြော သည်။
မြို့စွန်များရှိ ယခင် ကျပ်သိန်း ၁၀၀ ကျော်တန် မြေကွက်များသည် လက်ရှိနေရာနှင့် ရပ်ကွက်ပေါ်မူတည်ပြီး ကျပ်သိန်း၈၀မှ သိန်း ၇၀ခန့်အထိသာ ပေါက်ဈေးရှိနေကြောင်း အရောင်းအဝယ်ပြုလုပ်သူများ၏ ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
မြောက်ဥက္ကလာပ၊ သင်္ဃန်း ကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများ ကိုင် ဆောင်ထားသူများက ငွေဖော်လို ၍ အဓိကပြန်လည်ရောင်းချနေ သော်လည်း ဝယ်ယူမည့်သူမရှိသ ဖြင့် အခက်တွေ့နေကြောင်း ကို မျိုးမြင့်အောင်ကဆိုသည်။
မြို့စွန်များမှ ပေ ၄၀ x ၆၀၊ ၁၂ ပေခွဲx၅၀ မြေကွက်များသည် လူနေ ရပ်ကွက်များအဖြစ် ပေါ် ပေါက်လာမှု မရှိသေးခြင်း၊ ခြံ စည်းရိုးခတ်ပြီး မြေရိုင်းအဆင့် သာ ရှိနေသေးခြင်းကြောင့် မြေ ကွက်အရောင်းအဝယ်သိသာစွာ ကျဆင်းလာသည်ဟု ထန်းတပင်မြို့နယ်ငွေလောင်းရပ်ကွက်မှ အကျိုးဆောင်တစ်ဦးက သုံးသပ်သည်။ ပြည်တွင်းအိမ်ခြံမြေဈေး နှုန်းများသည် အစိုးရ တည် ဆောက်ရောင်းချနေသည့် အခန်း အရေအတွက်မြောက်မြားစွာပေါ် လာပါက ဈေးနှုန်းများ ထပ်မံကျဆင်းမည့်အခြေအနေရှိကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဒေါက်တာအောင်ထွန်းသက်က ဒီဇင်ဘာ ၂၆ ရက်တွင်တပ်မတော်ခန်းမ၌ ပြုလုပ်သည့် အိမ်ခြံမြေ ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြို့စွန် မြို့နယ်များရှိ မြေ ကွက်များ၊ စီမံကိန်းအသံ ကြား တိုင်းလိုက်လံဝယ်ယူသည့်နေရာ များ၊ မြို့လယ် တိုက်ခန်းများ၊ ကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများသည် အရောင်းအဝယ် မရှိသလောက်နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း မြို့တွင်းပိုင်း မြို့နယ်များရှိ မြေညီထပ် တိုက် ခန်းများတွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အငှား ဈေးကွက် အားကောင်းနေပြီး နေရာကောင်း ကို ဈေးပိုပေး၍ ငှားရမ်းကြရသည် ဟု အိမ်ခြံမြေအကျိုးဆောင်များ ကဆိုသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties